AFC/MFF Goalkeeping “C” Certificate Coaching Course သင်တန်း ဖွင့်လှစ်မည်
August 28, 2024AFC/MFF “B” Diploma Coaching Course – Part I နည်းပြသင်တန်း ဖွင့်လှစ်မည်
August 28, 2024ဖူဆယ်အားကစားနည်းတိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်ရဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ် လျှက် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ AFC Futsal Level 2 Coaching Certificate Course (ဖူဆယ်နည်းပြသင်တန်း)ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၃)ရက်မှ (၃၁)ရက်နေ့အထိ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းနည်းပြ ဆရာမှ လာရောက်သင်ကြားပေးမည်ဖြစ်ပြီး အောက်ပါအရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်မည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။
(က) AFC Futsal – Level 1 အောင်မြင်ပြီး သက်တမ်း(၁)နှစ်ရှိပြီးသူဖြစ်ရမည်။
ဖူဆယ်လက်ရွေးစင်ဖြစ်ပါက သက်တမ်းလိုအပ်ချက်ကို လျော့ပေါ့စဉ်းစားပေး မည်ဖြစ်သည်။
( ခ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကလပ်၊ အသင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ထောက်ခံစာပါရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင်လက်တွေ့လေ့ကျင့်မှုသင်ခန်းစာများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
(ဃ) လက်ရှိနည်းပြတာဝန်ထမ်းဆောင်နေသူများကို ဦးစားပေးရွေးချယ်မည်။
( င) သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
( စ) အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်။
(ဆ) ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Power point ဖြင့် တင်ပြဆွေးနွေး နိုင်ရမည်။
( ဇ) သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် သင်တန်းဝင်ကြေး အဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်သုံးသိန်း (၃၀၀,၀၀ဝိ/-)၊ နိုင်ငံခြား သားတစ်ဦးလျှင် အမေရိကန်ဒေါ်လာနှစ်ထောင် (USD 2000)ကို ပေးသွင်း ရမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သင်တန်းသားအမည်စာရင်းကို အာရှဘောလုံး အဖွဲ့ချုပ်သို့ အချိန်မီတင်ပြနိုင်ရေးအတွက် အထက်ပါအရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ပူးတွဲပါပုံစံကို ပြည့်စုံစွာဖြည့်စွက်၍ စက်တင်ဘာ ၁၃ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာ ရေးဌာန (Coach Education)သို့ ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်။
၄။ သင်တန်းသားအရေအတွက် ကန့်သတ်ချက်ရှိပါသဖြင့် သတ်မှတ်ရက်အမှီ ပေးပို့နိုင် ခြင်း မရှိသူများနှင့် မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ ကြောင်းနှင့် တက်ရောက်ခွင့်ရရှိသူများအား အချိန်မီပြန်လည် အကြောင်းကြားပေးမည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။
Download Here: https://the-mff.org/wp-content/uploads/2024/08/Application-Form-_-Futsal-Level-2.pdf