မြန်မာ့ဘောလုံးအားကစားတိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများ ပေါ်ထွက်လာစေရန်ရည်ရွယ်လျှက် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ AFC/MFF “B” Diploma Coaching Course – Part I (ဘောလုံးနည်းပြသင်တန်း၊ အပိုင်း – ၁)ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့မှ (၃၀) ရက်နေ့အထိ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်း နည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်ပြီး အောက်ပါအရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည် —
(က) AFC C (သို့မဟုတ်) MFF C အောင်လက်မှတ်ရရှိပြီးသူဖြစ်ရမည်။
( ခ) နည်းပြသက်တမ်း အနည်းဆုံး(၂)နှစ်ရှိရမည်ဖြစ်ပြီး နာရီ (၆၀)စာ log book တင်သွင်း ရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
( င) လက်ရှိတွင် အသင်းနည်းပြတာဝန်ထမ်းဆောင်နေသူများအား ဦးစားပေး ရွေးချယ်မည်။
( စ) အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်။
(ဆ) ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင်ရ မည်။
( ဇ) သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် Part – 1 သင်တန်း ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေကျပ်နှစ်သိန်း (၂၀၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်ထောင့်ငါးရာ (USD 1500) ကို ပေးသွင်းရမည်ဖြစ်သည်။၏
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သင်တန်းသားအမည်စာရင်းကို အာရှဘောလုံး အဖွဲ့ချုပ်သို့ အချိန်မီတင်ပြနိုင်ရေးအတွက် သင်တန်းတက်ရောက်လိုသော အထက်ပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ပူးတွဲပါပုံစံတွင် ပြည့်စုံစွာဖြည့်စွက် ၍ (၁၃.၉.၂၀၂၄) သောကြာနေ့ ညနေ(၄)နာရီနောက်ဆုံးထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Coach Education)သို့ ပေးပို့လျှောက်ထားရန်ဖြစ်သည်။
သင်တန်းသားအရေအတွက် ကန့်သတ်ချက်ရှိပါသဖြင့် သတ်မှတ်ရက်အမှီပေးပို့ နိုင်ခြင်းမရှိသူများ၊ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ ကြောင်းနှင့် တက်ရောက်ခွင့်ရရှိသူများအား အချိန်မီပြန်လည် အကြောင်းကြားပေးမည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။
Download here: https://the-mff.org/wp-content/uploads/2024/08/Application-Form-_B-Diploma.pdf