စင်ကာပူ၊လက်ဘနွန်တို့နှင့် မြန်မာအသင်း ခြေစမ်းမည်
November 10, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတ္တမအကြိမ်မြောက် ကွန်ဂရက်စ် အခမ်းအနားအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ယနေ့ ဒီဇင်ဘာ(၃)ရက် နံနက်(၁၀း၀၀)နာရီက နိုဗိုတယ် ရန်ကုန်မက်စ်တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက်စ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုတို့က ရုပ်သံမှတဆင့် နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သတ္တမအကြိမ်မြောက် ကွန်ဂရက်စ် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကွန်ဂရက် မစတင်မီ မြန်မာ့ဘောလုံးလောကအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုအား ဂုဏ်ပြုသည့်အနေဖြင့် ဆရာဦးဘရီအား ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ Service Award ဆုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ချီးမြှင့်ပေးအပ်ခဲ့သည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီနီယာ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက အဖွဲ့ချုပ်၏ ငွေကြေးသုံးစွဲမှု၊ ရငွေ/သုံးငွေ ဆိုင်ရာရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြင်ပ စာရင်းစစ်အဖွဲ့မှ ဦးဝမ်တင်က စာရင်းစစ် တွေ့ရှိချက်များအား ဆက်လက်တင်ပြ အစီရင်ခံခဲ့သည်။ ကွန်ဂရက်စ်တွင် ၂၀၂၃ ခုနှစ် ဘဏ္ဏာရေး အစီရင်ခံစာ စာရင်းစစ် အတည်ပြုချက် အပါအဝင် အဆိုပြု တင်ပြချက်များအား မဲခွဲဆုံးဖြတ်ခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့အတွက် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး သတ္တမအကြိမ်မြောက် ကွန်ဂရက်စ်အား ရုတ်သိမ်းခဲ့သည်။