Category: <span>Courses</span>

The MFF » Courses

AFC Futsal level – 1 coaching Certificate Course သင်တန်းဖွင့်ပွဲကျင်းပ

November 3, 2023 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal level – 1 coaching Certificate Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ ခန်းမတွင် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဘောလုံးအဖွဲ့ချူပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ သင်တန်းနည်းပြဆရာများ ဖြစ်သည့် ဦးဌေးမြင့်၊ ဦးတင်မောင်ဌေးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ သင်တန်းနည်းပြဆရာ ဦးဌေးမြင့် တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး စုပေါင်း အမှတ်တရ […]

ပြိုင်ပွဲကြီးကြပ်သူ (MC)သင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

October 20, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner (MC) Course – Mandalay 2023 ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းတွင်ကျင်းပခဲ့သည်။ MC သင်တန်းသို့ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ ဒေသခံ သင်တန်းသား စုစုပေါင်း ၃၉ ဦး တက်ရောက်လျှက်ရှိပြီး ၃ ရက်ကြာ သင်ကြားပို့ချမည် ဖြစ်သည်။ မြန်မာနိုင်ငံ ‌ဘောလုံး အဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်ကျင်းပလျှက်ရှိသော ပြိုင်ပွဲများ စနစ်တကျ ကျင်းပစေနိုင်ရေး အတွက် အဆိုပါ သင်တန်းအား ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။

MFF NEWLY REFEREE COURSE 2/2023 သင်တန်းဖွင့်လှစ်

October 4, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 2 /2023 သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အဖွင့်အမှာ စကားပြောကြားခြင်း၊ သင်တန်းသား သင်တန်းသူများနှင့် […]

U15 LEAGUE အထက်မြန်မာပြည်ဇုန် COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 13, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အထက်မြန်မာပြည်(မန္တလေးဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး)တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး) ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်၊ ဦးအောင်အောင်မျိုး( ပြိုင်ပွဲ ယာယီ တာ ဝန်ခံ၊ အထက်မြန်မာပြည်)၊ သင်တန်းဆရာ ဦးညီညီလတ်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် […]

FIFA – MFF U15 LEAGUE COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 9, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင်အောင်၊ သင်တန်းဆရာများ ဖြစ်ကြသော ဦးညီညီလတ်၊ ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က […]

FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲ ကျင်းပ

September 8, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကို စက်တင်ဘာ […]

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 6, 2023 / By Admin

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင် ၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က သင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးတင်မောင်ဌေးက သင်တန်းဆင်း အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ […]

AFC / MFF “C” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 5, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်း အမှာ စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် […]

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဖွင့်ပွဲကျင်းပ

September 1, 2023 / By Admin

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏ ကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး တို့က အဖွင့်အမှာ စကား အသီသီးပြောကြားခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ AFC Futsal […]

MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

August 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်းဆင်းပွဲ ကို သြဂုတ် ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းကသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် […]