Category: <span>Courses</span>

The MFF » Courses

AFC Futsal Level – 2 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ

July 7, 2022 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level – 2 Coaching Certificate Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်း နည်းပြဆရာ ထိုင်းလူမျိုး Mr. Bunlert Cheowarang၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ MFFမှ တာဝန်ရှိသူများ၊ လက်ထောက် သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ […]

AFC Futsal Level 2 Coaching Certificate Course သင်တန်းဖွင့်လှစ်မည်

June 27, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Level 2 Coaching Certificate Course သင်တန်းကို ဇူလိုင် ၇ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ထိုသင်တန်းကို အာရှဘောလုံးအဖွဲ့ချုပ် သင်တန်းနည်းပြဆရာဖြစ်သူ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr.Bunlert Charoewong က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ထိုသင်တန်းသို့ AFC Futsal Level 1 အောင်မြင်ပြီး သက်တမ်း ၁ နှစ်ရှိပြီးသူများ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ယခုဖွင့်လှစ်မည့် AFC Futsal Level 2 Coaching Certificate Course သင်တန်းသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြိမ်မြောက်ဖွင့်လှစ်ခြင်း ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် […]

AFC နှင့် MFF တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြံ့ခိုင်ရေးနည်းပြ သင်တန်းဆင်းပွဲပြုလုပ်

June 15, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သော AFC Fitness – Level 1A Coaching Certificate Course 2022 သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ […]

AFC နှင့် MFF တို့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးနည်းပြသင်တန်းဖွင့်လှစ်

June 11, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သော AFC Fitness – Level 1A Coaching Certificate Course 2022 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများအား သင်တန်းသားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခြင်းပြုလုပ်ခဲ့သည်။ယင်းနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ Mr. Gholamreza Jahani Ghaeh Ghashlagh မှ နူတ်ခွန်းဆက် စကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် စုပေါင်းအမှတ်တရ […]

MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်းဆင်းပွဲကျင်းပ

March 28, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -1 (Football/ Futsal) သင်တန်းဆင်းပွဲကို မတ် ၂၈ရက် နံနက် ၁၀ နာရီ အချိန်က သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဉီးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ မတ် ၂၄ မှ ၂၈ ရက်အထိ ဖွင့်လှစ်ခဲ့သော ယင်းသင်တန်းတွင် အသက် ၃၅ နှစ်အောက် ဖူဆယ်ဒိုင်လူကြီးများ၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် […]

MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ Football/ Futsal ဒိုင်သင်တန်းဖွင့်ပွဲ ကျင်းပ

March 24, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -1 (Football/ Futsal) သင်တန်းဖွင့်ပွဲကို မတ် ၂၄ရက် မွန်းလွဲ ၁ နာရီ အချိန်က သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ ယင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တ က်ရောက်ခဲ့ကြပြီး ဦးဘန်နီတင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ မတ် ၂၄ မှ ၂၈ ရက်အထိဖွင့်လှစ်မည့် ယင်းသင်တန်းသို့ […]

AFC Futsal Level 1 Coaching Certificate Course နည်းပြသင်တန်း မန္တလေးတွင် ဖွင့်လှစ်မည်

September 23, 2021 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ်အားကစားနည်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အာရှဘောလုံးအဖွဲ့ချုပ် AFC Futsal Level 1 Coaching Certificate Course ဖူဆယ်နည်းပြသင်တန်းကို အောက်တိုဘာလ ၁၅ ရက်မှ ၂၀ ရက်အထိ မန္တလေးမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည…

လေးနှစ်ကြာ သင်ယူရမည့် AFC ဒိုင်အကယ်ဒမီသို့ မြန်မာနိုင်ငံမှ ဒိုင်လူကြီး ဦးဖြိုးထက်အောင် တက်ရောက်သင်ယူမည်

October 5, 2018 / By Admin

အာရှဘောလုံး အဖွဲ့ချုပ် AFC ၏ ဒိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်မည့် AFC Referee Academy Batch 2018 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်လူကြီးတစ်ဦး ဖြစ်သူ ဦးဖြိုးထက်အောင် တက်ရောက် သင်ယူမည်ဖြစ်သည်။ သင်တန်းကာလ ၄ နှစ်ကြာ တက်ရောက် သင်ယူရမည့် အဆိုပါ ဒိုင်လူကြီး အကယ်ဒမီသို့ အာရှ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံလျင် (၂)ဦးစီ တက်ရောက်ခွင့် ရှိသော်လည်း ပြည်တွင်းရှိ ဒိုင်လူကြီးများအနက် အသက်အရွယ်နှင့် စံနှုန်းကိုက်ညီသည့် ဦးဖြိုးထက်အောင် တစ်ဦးတည်းကိုသာ အဆိုပြုရခြင်း ဖြစ်သည်။ AFC အနေဖြင့် ဒိုင်အကယ်ဒမီ တက်ရောက်ရန် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်မှာ ၂၃ နှစ် နှင့် ၂၉ နှစ်အကြားဖြစ်ပြီး အင်္ဂလိပ်စာ […]

MFF Coaches Refresher Course 2018 သင်တန်းဆင်းပွဲ ကျင်းပ

June 1, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သော MFF Coaches Refresher Course 2018 သင်တန်း ဆင်းပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ဇွန်လ ၁ ရက်နေ့ နေ့လည် ၃နာရီ အချိန်က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (အာရှဘောလုံး အဖွဲ့ချုပ် သင်တန်းနည်းပြ ဆရာ) ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား နည်းပြဆရာများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်တို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထိုသင်တန်းကို မေလ […]

လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးဒိုင်လူကြီးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲကျင်းပ

October 14, 2016 / By Admin

၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးဒိုင်လူကြီးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲကျင်းပအခမ်း အနားကို အောက်တိုဘာ ၁၄ ရက်၊ နံနက် ၁၀:၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသစ် များ ပေါ်ထွက်စေရေးအတွက် သင်တန်းများ ဖွင့်လုစ်ပေးသည့် ဒိုင်ကော်မတီ ဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ယူခွင့်ရရှိထားသည့် ဒိုင်ကော်မတီဌာနမှ ဒိုင်လူကြီး ဒေါ်သိန်းသိန်း အေးအား ဂုဏ်ယူ ပါကြောင်း၊ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် […]