ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနမှ ဖွင့်လှစ်သည့် ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ (MFF Referee Assessor Workshop For 2023) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ MFF Referee Assessor Workshop 2023 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒိုင်ကြီးကြပ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဦးဘန်နီတင်အောင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတွင် အာရှဘောလုံးအဖွဲ့ချုုပ်တွင် ဒိုင်ကြီးကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူခဲ့ပြီ ဖြစ်သော ဦးထွန်းလှအောင်ကို အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဂုဏ်ပြုခြင်း […]