Category: <span>Education</span>

The MFF » Education

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲကျင်းပ

May 15, 2023 / By Admin

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဖွင့် အမှတ်တရ စကားများ ပြောကြားခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ AFC Futsal Coaching Certificate Course – Level 1 […]

FIFA – MA Refereeing Course 2023 သင်တန်း ဆင်းပွဲ ကျင်းပ

May 14, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဆင်းပွဲကို မေ ၁၄ရက် နေ့လယ်က သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob နှင့် […]

MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ

April 30, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ဧပြီ ၃၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က သင်တန်းဆင်း အအမှာစကားပြောကြားခဲ့ကြပြီး သင်တန်းသား တစ်ဦးနှင့် သင်တန်းသူများတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို […]

AFC Futsal Coaching Certificate Course- Level 1 သင်တန်းဖွင့်လှစ်မည်

April 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Coaching Certificate Course- Level 1 ကို ရန်ကုန်မြိုတွင် မေ ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မေ ၅ရက် ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်း(၁၀) တန်းဖြစ်ရမည်။ (မြန်မာ့လက်ရွေးစင် အဖြစ်ကစားခဲ့ဖူပါက လျော့ပေါ့စဉ်းစားမည် ဖြစ်သည်။) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။ ဖူဆယ်ကစားနည်းကို ကောင်မွန်စွာ ကစားနိုင်သူဖြစ်ပြီး နည်းပြခြင်းကို စိတ်ပါဝင်စားစွာ လုပ်ဆောင်လိုသူ ဖြစ်ရမည်။ […]

MFF Newly Referee Course 1/2023 သင်တန်းဖွင့်လှစ်

April 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 1/2023 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြခြင်း သင်တန်းသား သင်တန်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို […]

FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်မည်

April 12, 2023 / By Admin

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ အစီအစဉ်အား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အသက်(၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံး နည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။ FIFA-MFF TDS Scouting Tour […]

လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီး သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်မည်

March 29, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနမှကြီးမှူးကျင်းပမည့် လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၂၃ (MFF Newly Referee Course 1/2023) ကို လာမည့် ဧပြီ ၂၄ရက်မှ ၃၀ရက် အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အဆင့်မြင့်နိုင်ငံ တကာပြိုင်များတွင် ထမ်းဆောင်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရည်အချင်း ပြည့်မှီသော လူငယ်ဒိုင်လူကြီးများပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအသိအမှတ် ပြု ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် MFF Newly Referee Course 1/2023 အား ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ သင်တန်းနည်းပြဆရာများအဖြစ် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြုနည်းပြဆရာများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အပြည်ပြည်ဆိုင်ရာ […]

AFC Futsal Fitness Level 1 သင်တန်း ဖွင့်လှစ်မည်

March 14, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Fitness Level 1 Coaching Certificate Course ကို ဧပြီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မတ် ၂၁ ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် AFC Futsal – Level အောင်မြင်ပြီး အနည်းဆုံး သက်တမ်း (၁)နှစ်ရှိရမည်။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။ ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင် လက်တွေ့လေ့ကျင့်မှု သင်ခန်းစာများကို လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။ သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။ […]

MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ

February 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MFF Futsal Referee Workshop For 2023 ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဖူဆယ်ဒိုင်လူကြီး တစ်ဦးက […]

MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ

February 17, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အမျိုးသား ကွင်းလယ်ဒိုင်များ၊ အကူဒိုင်လူကြီးများနှင့် ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်တို့က ဒိုင်လူကြီးများကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သော ဒိုင်လူကြီးတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ MFF Men Referee Workshop For 2023 […]