Category: <span>Education</span>

The MFF » Education

MFF Men Referee Workshop For 2023 ကျင်းပ

February 13, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Men Referee Workshop For 2023 ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အမျိုးသား ကွင်းလယ်ဒိုင်များ၊ အကူဒိုင်လူကြီးများနှင့် ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းနှင့် ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီး၊ အကူဒိုင်လူကြီးနှင့် ဖူဆယ်ဒိုင်လူကြီးများအဖြစ် ရွေးချယ်ခြင်းခံရသည့် ဒိုင်လူကြီးများကို ဖီဖာအသိအမှတ်ပြု တံဆိပ်များပေးအပ်ခြင်း အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့သည်။ အမျိုးသား ကွင်းလယ်ဒိုင်၊ […]

AFC-MFF “B” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲကျင်းပ

February 9, 2023 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B DiplomaCoaching Course သင်တန်း ဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ အဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာနှင့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်၊ လက်ထောက် သင်တန်းနည်းပြများဖြစ်ကြသော ဦးအောင်ဇော်မျိုး၊ ဦးဘုန်းညွန့်ကိုနှင့် တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်နှင့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို သင်တန်းပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အမှတ်တရ […]

ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

February 8, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနမှ ဖွင့်လှစ်သည့် ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ (MFF Referee Assessor Workshop For 2023) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ MFF Referee Assessor Workshop 2023 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒိုင်ကြီးကြပ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဦးဘန်နီတင်အောင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတွင် အာရှဘောလုံးအဖွဲ့ချုုပ်တွင် ဒိုင်ကြီးကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူခဲ့ပြီ ဖြစ်သော ဦးထွန်းလှအောင်ကို အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဂုဏ်ပြုခြင်း […]

AFC Futsal Coaching Certificate Course – Level 1 သင်တန်း တောင်ကြီးတွင်ဖွင့်လှစ်

January 23, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းသို့ သင်တန်းသား (၁၈)ဦးနှင့် သင်တန်းသူ (၂)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းသင်တန်း၏ သင်တန်းမှူးအဖြစ် ဦးတင်မောင်ဌေးမှ တာဝန်ယူမည်ဖြစ်ပြီး လက်ထောက်သင်တန်းမှူးအဖြစ် ဦးကျော်ဇင်ညွန့်မှ တာဝန်ယူသွားမည် ဖြစ်သည်။ ယခုတစ်ကြိမ်ဖွင့်လှစ်သော AFC Futsal Coaching Certificate Course – Level 1 သင်တန်းသည် တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော (၁၁)ကြိမ်မြောက် […]

AFC/ MFF B Diploma Coaching Course Part 1 သင်တန်းကာလပြီးဆုံး

December 6, 2022 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B DiplomaCoaching Course Part 1 သည် ဒီဇင်ဘာ ၆ ရက်တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ AFC/ MFF B Diploma Coaching Course Part 1 ကို နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၆ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ လက်ထောက်သင်တန်းနည်းပြများအဖြစ် ဦးအောင်ဇော်မျိုးနှင့် ဦးဘုန်းညွန့်ကို တို့က သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၁ ဦး သင်တန်းသူ ၃ ဦးတို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။ AFC/ MFF B Diploma Coaching Course Part 2 […]

AFC/ MFF B Diploma Coaching Course Part 1 သင်တန်းဖွင့်ပွဲ ကျင်းပ

November 28, 2022 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B Diploma Coaching Course Part 1 သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာနှင့် သင်တန်းနည်းပြဆရာဖြစ်သူ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဖြစ်သူ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက် အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ […]

AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ကျင်းပပြီးစီး

November 13, 2022 / By Admin

အာရှဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level –1 Coaching Certificate Course သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Technical Director ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာများ ဖြစ်ကြသော ဦးဌေးမြင့်၊ ဦးတင်မောင်ဌေး၊ ဦးကျော်ဇင်ညွန့် ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Technical Director ဦးတင်မြင့်အောင် နှင့် သင်တန်းနည်းပြ ဆရာဦးဌေးမြင့်တို့က သင်တန်းဆင်း အမှာစကား အသီးသီး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို […]

MFF Sports Production Workshop 2022 ကျင်းပပြီးစီး

October 31, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Media and Communication Committee မှစီစဉ်ကျင်းပသည့် MFF Sports Production Workshop 2022 အား အောက်တိုဘာ ၂၉နှင့် ၃၀ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား Media and Communication Committee မှဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးဟန်နှင့် ကော်မတီအဖွဲ့ဝင် ဦးလင်းသစ်လွင်မော်တို့က ဆွေးနွေးပို့ချခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ဝန်ထမ်းများ စုစုပေါင်း ၂၅ ဦးတက်ရောက် ဆွေးနွေးခဲ့ကြသည်။ MFF Sports Production Workshop 2022 ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ် ခဲ့ပြီး […]

AFC Futsal Level-1 Coaching Certificate Course မန္တလေးမြို့တွင် ဖွင့်လှစ်မည်

September 16, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့မှ ပူးပေါင်းစီစဉ်ကျင်းပမည့် AFC Futsal Level-1 Coaching Certificate Course သင်တန်း ကို လာမည့် အောက်တိုဘာ ၆ရက်မှ ၁၁ရက်အထိ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ မြန်မာ့ဖူဆယ်ဘောလုံးလောကတိုးတက်ရေးအတွက် ပြည်တွင်းနည်းပြကောင်းများစွာ ထွက်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/ သူ (၂၀)ဦးအထိ တက်ရောက်နိုင်ရန် စီစဉ်ထားသည်။ သင်တန်းကြေး အဖြစ် ကျပ်တစ်သိန်းသတ်မှတ်ထားပြီး သင်တန်းကာလအတွင်း ဝတ်စုံ၊ နေ/ထိုင် / စားသောက်စရိတ်များကို စီစဉ်ပေးသွားမည်ဖြစ်သည်။ သင်တန်းဆရာများအဖြစ် ဦးတင်မောင်ဌေးနှင့် ဦးကျော်ဇင်ညွှန့် တို့က သင်ကြားပြသပေးသွားမည်ဖြစ်ပြီး ပြည်တွင်းနည်းပြနှစ်ဦးမှ တာဝန်ယူသင်ကြားပေးမည့် ပထမဆုံးဖူဆယ်သင်တန်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ် […]

7th AFC Medical Conference

August 27, 2022 / By Admin

“This activity is an Accredited Group Learning Activity (Category 1) as defined by the Ministry of Public Health’s Department of Healthcare Professions – Accreditation Section (DHP-AS) and is approved for a maximum of 18.75 hours. This CPD activity was developed in partnership with AFC, QFA, and FIFA” ​  DHP accreditation code: HGI-03-P112 | 18.75 hours  […]