ရခိုင်တွင် ဘောလုံးနှင့် ဖူဆယ်ဒိုင်လူကြီး သင်တန်း ဖွင့်လှစ်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဘောလုံးနှင့် ဖူဆယ်ဒိုင်လူကြီး သင်တန်းအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်တွေမြို့ရှိ ဓညဝတီ မိုးလုံလေလုံ အားကစားရုံနှင့် ရခိုင်ယူနိုက်တက်အသင်း အိမ်ကွင်းဖြစ်သည့် ဝေသာလီကွင်းတွင် ကျင်းပပြုလုပ်ရှိသည်။ အဆိုပါသင်တန်းသို့ ရခိုင် ပြည်နယ်တွင်းမှ အမျိုးသား ၊ အမျိုးသမီး မျိုးဆက်သစ် ဒိုင်လူကြီး ဦးရေ (၄၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာန နည်းပြဆရာများမှ ပို့ချပေးနေခြင်း ဖြစ်သည်။