August 9, 2022 / By Admin
အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပနေသော အာဆီယံယူ-၁၆ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဩဂုတ် ၉) ရက် နံနက်ပိုင်းက The Rich Hotel တွင် ပြုလုပ်ခဲ့ရာ မြန်မာယူ-၁၆ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးနှင့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာယူ-၁၆ နည်းပြချုပ် ဦးအောင်ဇော်မျိုးက “ပထမဦးစွာ ဆီမီးဖိုင်နယ်ရောက် အသင်းအားလုံးကို ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။ အားလုံးက အသင်းကောင်းတွေပါ။ ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားခဲ့သည်။ ဆက်လက်ပြီး အင်ဒိုနီးရှားနှင့်ပွဲအပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဦးအောင်ဇော်မျိုးက “အင်ဒိုနီးရှားက အိမ်ရှင်ဖြစ်နေတဲ့အပြင် အသင်းကောင်းတစ်သင်းပါ။ ကျွန်တော့်အနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။ အုပ်စုပွဲပြီးနောက် နားချိန်တစ်ရက်ပဲရပေမဲ့ […]