အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် အုပ်စုဗိုလ်ဖြင့် မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) တွင် ကမ္ဘောဒီးယား အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နှင့် အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ကစားရသည့် ကမ္ဘောဒီးယားနှင့်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ဆလိုင်းအံ့ဘွယ်မောင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ကောင်းခန့်ဇော်၊ စောမျိုးဇော်၊ အောင်ဇော်မျိုး၊ ရှေ့တန်း- ရှိင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို့ ပါဝင် ကစားခဲ့ကြသည်။ ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ပြီး ကမ္ဘောဒီးယား အသင်းမှာ မြန်မာအသင်းကို တန်ပြန်တိုက်စစ်ဖြင့်သာ […]