Category: <span>Men U-16</span>

The MFF » Men U-16

ယူ-၁၄ နည်းပြ သြစတြေးလျ လူမျိုး အဲရစ်ဝီလျံ ကို ၁နှစ်၂လ သက်တမ်းရှိ စာချုပ် သက်တမ်းတိုးချုပ်ဆို

August 15, 2016 / By Admin

မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို ကိုင်တွယ်နေသည့် သြစတြေးလျ လူမျိုး အဲရစ်ဝီလျံ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို ရေရှည်လက်တွဲ လုပ်ကိုင်လိုသည့်အတွက် ၁နှစ် ၂လ သက်တမ်းရှိ စာချုပ် အသစ်ကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာ့လက်ရွေးစင် ယူ-၁၄ နည်းပြ အဲရစ် ဝီလျံတို့ တွေ့ဆုံကာ စာချုပ် ချုပ်ဆိုခဲ့သည်။ ” အခုလို စာချုပ်သက်တမ်းတိုး ချုပ်ဆိုရတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ရေရှည်လက်တွဲပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထောက်အပံ့ပေးရလို့ ပျော်ရွင်မိပါတယ်။ ဥက္ကဌ ရဲ့ ရည်ရွယ်ချက်အတိုင်း လူငယ်တွေကို […]

ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း သြစတြေးလျကို မြန်မာအသင်း သရေကျ

July 10, 2016 / By Admin

AFF U16 Championship 2016 ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာ ယူ-၁၆ အသင်းနှင့် သြစတြေးလျ ယူ-၁၆ အသင်းတို့၏ ပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရကာ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ မြန်မာနှင့် သြစတြေးလျ အသင်းတို့၏ ပွဲမှာ ပွဲချိန်တစ်လျှောက် အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသုံးပြုမည့် ဥပဒေ အသစ်များကို ရှင်းလင်းမှု ပြုလုပ်

July 9, 2016 / By Admin

လာမည့် ဇူလိုင်လ ၁၀ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တွင် စတင် ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် နိုင်ငံတကာ ပြိုင်ပွဲကြီးများ၌ လက်ခံ ကျင့်သုံးနေပြီ ဖြစ်သည့် ဘောလုံး စည်းမျဉ်း ဥပဒေ အသစ်များကို အသုံးပြုသွားမည် ဖြစ်ရာ ယင်းဥပဒေများကို ပြိုင်ပွဲဝင် အသင်းများ နားလည် သိရှိစေရန် အတွက် ရှင်းလင်း ပြောကြားမှုကို ယနေ့ နံနက်ပိုင်းက ဖနွမ်းပင် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်က အနိုင်ရလဒ်ကို ဖြစ်ပေါ် စေခဲ့ကြောင်း မြန်မာ ယူ-၁၆ နည်းပြချုပ် ပြောကြား

July 6, 2016 / By Admin

ပရိသတ် တစ်သောင်းကျော် ရှေ့မှောက်တွင် အိမ်ရှင် ကမ္ဘောဒီးယား ယူ-၁၆ အသင်းကို အရှုံးရလဒ်မှ အနိုင်ရလဒ်သို့ ရောက်အောင် ကစားနိုင်ခဲ့ပြီးနောက် မြန်မာအသင်း နည်းပြချုပ် ဦးညီညီလတ်က ကစားသမားများကို ချီးကျူးပြောဆို ခဲ့ပြီး ၎င်းတို့၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်က အနိုင်ရလဒ်ကို ရရှိစေခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

နောက်ဆုံးမိနစ် သွင်းဂိုးများဖြင့် မြန်မာ ယူ-၁၆ အသင်း အိမ်ရှင် ကမ္ဘောဒီးယားကို အနိုင်ရ

July 6, 2016 / By Admin

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ National Olympic Stadium တွင် ယနေ့ ဇူလိုင် ၆ ရက်က ယှဉ်ပြိုင် ကစားခဲ့ကြသည့် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၆ အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် မြန်မာယူ-၁၆ အသင်းက လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ နောက်ဆုံးမိနစ် သွင်းဂိုးများကြောင့် (၂-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

July 5, 2016 / By Admin

လာမည့် ဇူလိုင် ၆ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၆ အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲနှင့် ပွဲအကြို ညှိနှိုင်းအစည်းအဝေး တို့ကို ယနေ့ နံနက်ပိုင်းက ခြေစမ်းပွဲ ကျင်းပမည့် အမျိုးသား National Olympic Stadium တွင် ပြုလုပ်ခဲ့သည်။

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်

July 1, 2016 / By Admin

လာမည့် ဇူလိုင်လ ၁၀ ရက်မှ ၂၃ ရက်ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (AFF U16 Championship 2016) ကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ယူ-၁၆ အသင်းနှင့် ခြေစမ်းပွဲတွင် ယူ-၁၉ အသင်း အနိုင်ရ

June 24, 2016 / By Admin

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲများ အတွက် ကိုယ်စီပြင်ဆင်လျှက် ရှိသော သက်တမ်းလိုက် မြန်မာ့ လက်ရွေးစင် အသင်းများ ဖြစ်ကြသည့် ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့ ယနေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစား ကွင်းကြီးတွင် ခြေစမ်း ကစားခဲ့ကြရာ ယူ-၁၉ အသင်းက (​၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန္တလေးတွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်~ မြန်မာအသင်း အာရှ ထိပ်သီးများနှင့် ဆုံတွေ့

March 12, 2016 / By Admin

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စု မဲခွဲခြင်းကို ယနေ့မနက်ပိုင်းက အာဆီယံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးတွင် မဲနှိုက် ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအား မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် လာမည့် ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အာဆီယံမှ အိမ်ရှင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် (တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့သုံးသင်း အနက်မှ တစ်သင်း) ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အုပ်စု ခွဲဝေမှု အရ အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ […]