လာအိုကို ဆီမီးတွင် ဖြုတ်ချပြီး မြန်မာယူ-၁၆ အာဆီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲ ထိုင်းနှင့်တွေ့ဆုံ
မြန်မာ ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပွဲစဉ် (၁)အဖြစ် သြဂုတ်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီတွင် လာအို ယူ-၁၆ အသင်းနှင့် ဗိုလ်လုပွဲ တက်ရောက်ရေး အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ (၁) ဂိုး၊ ဂိုးမရှိ ဖြင့်အနိုင်ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ် (၂) တွင် သြစတြေးလျ ယူ-၁၆ အသင်းကို ဖြုတ်ချနိုင်ခဲ့သည့် ထိုင်းယူ-၁၆ အသင်းနှင့် ဗိုလ်လုပွဲ၌ ထိပ်တိုက်ယှဉ်ပြိုင် ကစားတော့မည် ဖြစ်သည်။ ယနေ့ပွဲတွင် မြန်မာအသင်းသည့် တိုက်စစ်အသားပေး နေရာစုံ အပြန်အလှန် စုပေါင်းဖြည်ဆည်း ကစားသည့် ( Total Football) နည်းဗျူဟာ အသုံးပြုပြီး လာအိုအသင်းကို […]