မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် တာဝန်ထမ်းဆောင်လိုသူများ လျှောက်ထားနိုင်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် သက်မှတ်အရည်အချင်း ပြည့်မီ၍ တာဝန်ထမ်းဆောင်လိုသူများအား စိစစ်ရွေးချယ်ကာ ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်သည်။ မြန်မာ ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် လျှောက်ထားလိုသူများသည် အာရှဘောလုံး အဖွဲ့ချုပ်၏ AFC (A) လိုင်စင် (သို့မဟုတ်) UEFA (A) လိုင်စင် (သို့မဟုတ်) UEFA A Elite Youth License တစ်ခုခု ရရှိထားသူများသာ ဖြစ်ရန် လိုအပ်ပြီး လူငယ် နည်းပြ အတွေ့အကြုံနှင့် ဘာသာစကား၊ နည်းပညာနှင့် အခြား နည်းစနစ်ပိုင်း သုံးသပ်လေ့လာနိုင်စွမ်းများ ရှိရမည်ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ပူးတွဲပါ Form တွင် ဖော်ပြထားသော လိုအပ်ချက်များအား […]