Category: <span>Men U-19</span>

The MFF » Men U-19

အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

June 9, 2022 / By Admin

လာမည့် ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံချန်ပီယံရှစ် (AFF Championship 2022) အမျိုးသား ယူ-၁၉၊ အမျိုးသားယူ-၁၆၊ အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ (ဇွန် ၉ရက်) နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။ အမျိုးသား ယူ-၁၉ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ကို ဇူလိုင် ၂ရက်မှ ၁၅ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မြန်မာ အသင်းတို့ ပါဝင်လျက်ရှိပြီး အုပ်စု (ခ) တွင် မလေးရှား၊ လာအို၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ စင်ကာပူ အသင်းတို့ပါဝင်နေသည်။ အမျိုးသမီး ယူ-၁၈ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂၂ရက်မှ ဩဂုတ် ၄ရက် […]

အာရှယူ-၁၇နှင့် ယူ -၂၀ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကျင်းပ

May 24, 2022 / By Admin

လာမည့် ၂၀၂၃ခုနှစ်အတွင်း ဘာရိန်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်အုပ်စုမဲခွဲပွဲကို မေ ၂၄ရက်က ကျင်းပခဲ့ရာ မြန်မာအသင်းက အုပ်စု(ဃ) တွင် ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ ကူဝိတ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ ယင်းအာရှခြေစစ်ပွဲကို လာမည့် အောက်တိုဘာ ၁ရက်မှ ၉ရက် အထိကျင်းပသွားမည်ဖြစ်ပြီး အာရှတိုက်အတွင်းမှ အသက် (၁၇)နှစ်အောက်လက်ရွေးစင် အသင်း ၄၄သင်းက အုပ်စု ၁၀စု ခွဲ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စု (၁၀) စုမှ အုပ်စုဗိုလ် ၁၀သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ၅သင်းတို့သည် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ လက်ရှိချန်ပီယံဂျပန် အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် သုံးကြိမ်အ ထိချန်ပီယံဖြစ်ထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (ဃ)ကို ဆော်ဒီအာရေဗျနိုင်ငံတွင် […]

မြန်မာယူ-၁၉ အမျိုးသားအသင်း ဂျပန်- အာဆီယံ ဖိတ်ခေါ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

February 23, 2020 / By Admin

ဖေဖော်ဝါရီလ ၂၆ရက်မှ ၂၉ရက်နေ့အထိ ဂျပန်နိုင်ငံ ခါဂိုရှီးမားမြို့တွင် ကျင်းပမည့် JENESYS (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ယူ-၁၉ အမျိုးသားအသင်းသည် ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ မြန်မာယူ-၁၉ အမျိုးသားအသင်းတွင် ဂိုး- ဟိန်းထက်စိုး၊ ပြည့်ဖြိုးသူ၊ နောက်တန်း- စည်သူမိုးခန့်၊သက်ဟိန်းစိုး၊မင်းခန့်မောင်၊မျိုးကိုကိုလင်း၊ကောင်းခန့်ကျော်၊စောထောနေမူး၊ အလယ်တန်း- ကောင်းဇင်မိုး၊လွင်ဇော်မောင်၊ရန်နိုင်လင်း၊ဥက္ကာနိုင်၊သူရအောင်၊မိုးဆွေ၊မျိုးသူရထွန်း၊ အရှေ့တန်း- ပြည့်ဖြိုးခိုင်၊ ညီညီ၊ စောကျော်အဲတို့ပါဝင်ပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ JENESYS 2019 (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို အသင်းပေါင်း၈သင်းက အုပ်စု(၂)ခုခွဲပြီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသားအသင်းသည် အုပ်စု(ခ)တွင် က‌မ္ဘောဒီးယား၊တီမော၊ဂျပန်ကလပ် Kagoshima United […]

BTV International Football Tournament ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းထွက်ခွာ

December 13, 2019 / By Admin

ဗီယက်နမ်နိုင်ငံ ဘန်ဒေါင်းမြို့တွင်ကျင်းပမည့် BTV International Football Tournament – Number One Cup 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၂၀အသင်းသည် ဒီဇင်ဘာလ ၁၂ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်အထိ ကျင်းပသွားမည့် BTV International Football Tournament – Number One Cup 2019 ပြိုင်ပွဲကို အိမ်ရှင် ဗီယက်နမ် ယူ-၂၀အသင်း၊ မြန်မာယူ-၂၀အသင်း၊ ကမ္ဘောဒီးယားယူ-၂၀အသင်းနှင့် ဗီယက်နမ်ကလပ် Becamex Binh Duong အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ BTV International Football Tournament – Number One Cup […]

ဟောင်ကောင် ဖိတ်ခေါ် ပြိုင်ပွဲသို့ မြန်မာ လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်း ဝင်ပြိုင်မည်

December 22, 2018 / By Admin

ဟောင်ကောင် ဘောလုံး  အဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံး  အဖွဲ့ချုပ်ထံ  ဖိတ်ကြား ချက်အရ မြန်မာ လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်းတို့သည် ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament ကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဟောင်ကောင် ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အခြား ဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး၊ လူငယ် ကစားသမားများ အတွက် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရေး ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှ ၂၂ […]

နှစ်ပွဲဆက် အနိုင်ရလဒ် ရယူပြီး အုပ်စု(ခ)ကို ဦးဆောင်နိုင်ခဲ့သည့် မြန်မာယူ-၁၉ အသင်း

July 8, 2018 / By Admin

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၁၈  အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းက ဘရူနိုင်းယူ-၁၉ အသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။  မြန်မာနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်  ပွဲစဉ်ကို ဂရီဆက်ခ်မြို့ရှိ၊  ဂျိုကိုဆာမူဒရိုကွင်း၌ ကျင်းပခဲ့ပြီး  မြန်မာအသင်းက ပွဲချိန်တစ်လျှောက် အသာစီး ရယူကစားကာ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၁၃၊ ၂၄ မိနစ်များတွင် မြတ်ကောင်းခန့်၊ ၂၁၊ ၄၁ မိနစ်များတွင် ပြည့်စုံနိုင်၊ ၄၂ ၊ ၅၇ မိနစ်များတွင် ၀င်းနိုင်ထွန်းနှင့် ၈၁ မိနစ်တွင် လွှမ်းမိုးဦးတို့က သွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည်  ယခုပွဲစဉ်အနိုင်ရရှိခဲ့သည့်အတွက်  မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရမှတ်တူ  ဂိုးကွာခြားချက်အသာဖြင့် အုပ်စု(ခ) ပထမနေရာအား […]

ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ ၁၉ အသင်း

July 6, 2018 / By Admin

  ၂၀၁၈ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့  ဂျိုကိုဆာမူဒရိုကွင်း၌ ယနေ့  ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုး ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် တီမောအသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်မှ လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပွဲစကတည်းက ကမ္ဘောဒီးယားဘက်ကို တိုက်စစ်ဆင်ကစားခဲ့သည်။ ယနေ့ပွဲစဉ်တွင်  မြန်မာအသင်းအနေဖြင့် ပင်နယ်တီကန်သွင်းခွင့်အပါအ၀င် အခွင့်အရေးအမြောက်အများ ရရှိခဲ့သော်လည်း လွဲချော်ခဲ့သောကြောင့် ယခုရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၂၃၊ ၅၂ မိနစ်များတွင် ၀င်းနိုင်ထွန်း၊ ၇၅၊ ၈၈ မိနစ်များတွင် မြတ်ကောင်းခန့်တို့က သွင်းယူခဲ့ပြီး ကမ္ဘောဒီးယားအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို နော့ဒေးဗစ်က သွင်းယူပေးခဲ့သည်။ […]

အာဆီယံယူ-၁၉ ချန်ပီယံရှစ် အဖွင့်ပွဲစဉ်၌ မြန်မာအသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

July 2, 2018 / By Admin

၂၀၁၈ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ အဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနှင့် မြန်မာအသင်းတို့ ယနေ့ ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ။ ဂျိုကိုဆာမူဒရိုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ နိုင်ပွဲရရှိရေး လူစုံထုတ်ယှဉ်ပြိုင်ခဲ့ပြီး အခွင့်အရေး အမြောက်အများလည်း ရရှိခဲ့သည်။ သို့သော်  မြန်မာအသင်းအနေဖြင့် ဂိုးကံခေခဲ့ခြင်းအပြင် အခွင့်အရေးများ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ပွဲဦးထွက်  သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။  မြန်မာအသင်းမှာ အုပ်စု(ခ) ဒုတိယမြောက်ပွဲစဉ်အဖြစ်  ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားအသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။  ပွဲအပြီး နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ ပြောစကား “ပွဲစကတည်းက တီမောအသင်းဘက်ကို ဖိကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်း ကံမကောင်းခဲ့ဘူး။ ရသင့်တဲ့ဂိုးတွေ မရခဲ့ဘူး။ ပထမပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် တိုင်ထိပြီး […]

အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်း၏ အပြီးသတ်လူစာရင်း

June 28, 2018 / By Admin

၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်း၏ အပြီးသတ် (၂၃) ဦးစာရင်းဖြစ်ပါသည်။ ယင်းပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကာ မြန်မာအသင်းမှာ တီမော၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဘရူနိုင်းအသင်းတို့  ပါဝင်သည့် အုပ်စု(ခ) တွင် ပါဝင်နေခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံသို့  ဇွန်လ ၂၉ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်း စင်ကာပူ ကလပ် Albirex Niigata နှင့် ပူးတွဲလေ့ကျင့်ပြီး စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းမည်

June 8, 2018 / By Admin

အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် စင်ကာပူ နိုင်ငံသို့ သွားရောက်၍ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ကာ စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ဇွန်လ ၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ စင်ကာပူ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ဖိတ်ခေါ်ခဲ့သော်လည်း […]