Category: <span>Men U-22</span>

The MFF » Men U-22

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း အပြီးသတ်လူစာရင်း

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ပြုလုပ်မည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က မေ ၅ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းတွင် သက်ကျော်ကစားသမား (၃)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးကို ရွေးချယ်ထားသည်။သက်ကျော်ကစားသမားအဖြစ် နောက်ခံလူ ဝင်းမိုးကျော်နှင့် တိုက်စစ်မှူး မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဂိုးသမားနှစ်ဦးဖြစ်သည့် အောင်ကိုလတ်နှင့် သူရကျော်၊ တိုက်စစ်မှူးများဖြစ်သည့် ရဲရင့်အောင်နှင့် ရာဇာအောင်တို့ကိုလည်း အရန်သင့်အစားထိုးကစားသမားများအဖြစ် ထပ်ပေါင်းရွေးချယ်ထားပြီး အသင်းနှင့်ဆက်လက်ပူးတွဲလေ့ကျင့်စေမည်ဖြစ်သည်။ မြန်မာယူ-၂၃အသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၄) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပ​ြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် မြန်မာ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ် ” ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တစ်နှစ်ကျော်အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျအချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” […]

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်

May 3, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့သည် မေ ၂ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပူးပေါင်းခဲ့သည်။ ယနေ့ (မေ ၃ရက်) တွင် ဗီယက်ထရွိုင်မြို့၊ Bal Bang Field လေ့ကျင့်ရေးကွင်းတွင် ပဏာမလက်ရွေးစင်ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို သက်ကျော်ကစားသမား ၇ဦး အပါအဝင် စုစုပေါင်း ပဏာမလက်ရွေးစင်ကစားသမား ၂၉ဦး ဖြင့်ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို လာမည့် မေ ၅ရက်တွင် ကြေညာသွားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် […]

ဆီးဂိမ်းစ်အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် ကြေညာမည်

April 22, 2022 / By Admin

လာမည့် မေလအတွင်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် တရားဝင်ကြေညာမည်ဟု နည်းပြချုပ် ပိုပေါ့ဗ်က ဆိုသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လက်ရှိတွင် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ပဏာမလက်ရွေးစင်အဖြစ် ကစားသမား (၂၉)ဦးကို ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ၂၀၂၁ခုနှစ် နှစ်စကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃အသင်းကို ၂၀၁၉ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ စိုးမိုးကျော် အစရှိသော ကစားသမားများကိုအခြေခံပြီး ယူ-၁၉ အသင်းမှ ထွက်ပေါ်လာသော မျိုးဆက်သစ်ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဆီးဂိမ်းပြိုင်ပွဲသည် အသက် (၂၃)နှစ်အောက်ပြိုင်ပွဲဖြစ်သော်လည်း သက်ကျော်ကစားသမား သုံးဦးထည့်သွင်းခွင့်ပြုထားရာ မြန်မာယူ-၂၃ […]

COVID 19 ကြောင့် အာဆီယံ ယူ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း နှုတ်ထွက်

February 15, 2022 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၂ အသင်းသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၂ ခုနှစ် အာဆီယံ အမျိုးသား ယူ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ AFF U22 Championship 2022 အားပါဝင်ယှဉ်ပြိုင်ရန် အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က သွားရောက်ခဲ့ပါသည်။ မြန်မာ ယူ၂၂ အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၂၆ ဦးပါဝင်ပြီး အိမ်ရှင် ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ် စီစဉ်မှုဖြင့် ဖနွမ်းပင်ဟိုတယ်တွင် တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာ ယူ၂၂ […]

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များစတင်ပြုလုပ်နေသည့် မြန်မာယူ-၂၃အသင်း

January 11, 2022 / By Admin

မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လာမည့် ဖေဖော်ဝါရီလအတွင်းကျင်းပမည့် အာဆီယံယူ-၂၃ချန်ပီယံရှစ…

AFF U-23 Championship 2022 Official Draw Ceremony

December 30, 2021 / By Admin

The official draw ceremony of AFF U-23 Championship 2022 was held on December 29 in Singapore, which organized by ASEAN Football Federation (AFF). Myanmar is in Group B of the ASEAN Football Federation (AFF) U23 Championship 2022 alongside with Indonesia, Malaysia and Laos. The hosts Cambodia, Timor-Leste, Philippines and Brunei are in Group A while […]

မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယူ၂၁ အသင်း ပဏာမ ကစားသမားစာရင်း နည်းပြချုပ်များထုတ်ပြန်

March 10, 2020 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနှင့် အမျိုးသား ယူ၂၁ အသင်းတို့သည် လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ရာ ပဏာမ ကစားသမား စာရင်းအား အသီးသီး ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပဏာမ ကစားသမား စုစုပေါင်း (၂၃)ဦး ရွေးချယ်ထားပြီး မတ်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့ CITY STAR HOTEL တွင် စခန်းသွင်း၍ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ပြည်ပလိဂ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများ အနေဖြင့် ယင်းတို့ ကလပ်အသင်းများနှင့် ပူးတွဲလေ့ကျင့်နေခြင်း၊ လက်ရှိ အခြေအနေတွင် ခရီးသွားလာရေး အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ယခု ခေါ်ယူလိုက်သည့် […]

မြန်မာယူ-၂၂ ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်

January 17, 2020 / By Admin

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ရှမ်းယူနိုက်တက် ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာကို ယနေ့ နံနက် ၉:၀၀ နာရီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သွန်ဘူရီဆေးရုံတွင် ခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့သည်။ ဘုန်းသစ္စာမင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွင် ညာဘက်ဒူး ကြက်ခြေခတ် အရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဘုန်းသစ္စာမင်း အနေဖြင့် ခွဲစိတ်ပြီး နှစ်ရက်အကြာတွင် ဆေးရုံမှဆင်းပြီး ဘန်ကောက်တွင် နှစ်ပတ်ကြာနေထိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။ ခွဲစိတ်ပြီး နှစ်လခန့်တွင် အပေါ့စားလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လ အကြာတွင် ပုံမှန်လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မည်ဟု ခွဲစိတ်ဆရာဝန်ကြီးက ပြောသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ကာတာလေ့ကျင့်ရေး ခရီးစဉ်တွင် ဘယ်ခြေကျင်းဝတ် ဒဏ်ရာရခဲ့သည့် မြန်မာယူ-၂၂ အသင်း နောက်ခံလူ ကျော်သူထွန်းသည်လည်း သွန်ဘူရီ ဆေးရုံသို့ ရောက်ရှိနေပြီး […]

ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ ယူ ၂၂ အမျိုးသားအသင်းအား ဂုဏ်ပြုကြိုဆို

December 13, 2019 / By Admin

ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာ ယူ ၂၂ အသင်းသည် ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည်။

တတိယဆုရရှိခဲ့သည့် မြန်မာ ယူ ၂၂ အမျိုးသားအသင်းကို မြန်မာနိုင…