December 29, 2018 / By Admin
လာမည့် ဇန်န၀ါရီလအတွင်း ပြည်ပ ခြေစမ်းပွဲနှစ်ပွဲ သွားရောက်ယှဉ်ပြိုင် ကစားမည့် မြန်မာ့လလက်ရွေးစင် ယူ-၂၂ အသင်းသည် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် အိုမန်နှင့် ကာတာနိုင်ငံများသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ဇန်န၀ါရီလ ၇ ရက်တွင် အိုမန်ယူ-၂၃ အသင်းနှင့် လည်းကောင်း၊ ဇန်န၀ါရီ ၁၀ ရက် တွင် ကာတာ ယူ-၂၃ အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကိုကိုသိန်း နည်းပြချုပ် အဖြစ် ဦးကြည်လွင်တို့က တာဝန်ယူကိုင်တွယ်လျက် ရှိပြီး ခြေစမ်းပွဲစဉ်များယှဉ်ပြိုင် […]