အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပဏာမ အမျိုးသမီး ယူ-၂၀ အသင်း လေ့ကျင့်လျက်ရှိ
ပဏာမ လက်ရွေးစင် မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ခြေစစ်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် ၂၀၂၂ ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ရန်ကုန်မြို့တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်နေပြီး စခန်းသွင်းလေ့ကျင့်မှု စတင်ချိန်တွင် ပဏာမ ကစားသမား ၃၈ ဦးရွေးချယ်ခဲ့ကာ လက်ရှိတွင် ၃၂ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ ပဏာမ အမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ […]