၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် မြန်မာယူ-၂၀ အမျိုးသမီး ကစားသမားစာရင်း ထုတ်ပြန်
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ […]