Category: <span>Academy (YGN)</span>

The MFF » Academy (YGN)

အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ကျောင်းသားသစ် ကြိုဆိုပွဲ ပြုလုပ်

June 4, 2022 / By Admin

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့်ရရှိသော ကျောင်း သားသစ်များ ကြိုဆိုပွဲ အခမ်းအနားကို ဇွန် ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဌာနတာဝန်ခံ ဦးတင်မြင့်အောင်၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးဝင်းသူမိုး၊ လူငယ်ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ ဦးညီညီလတ်၊ ဆေးဘက်ဆိုင်ရာဌာနတာဝန်ခံ ဒေါက်တာအောင်ကျော်ဉီး၊အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့်ရသည့် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး နည်းစနစ်ဌာနတာဝန်ခံ ဦးတင်မြင့်အောင်မှ အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးဝင်းသူမိုးမှ ကျောင်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်း၊ လူငယ်ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ ဦးညီညီလတ်မှ […]

ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့်ရ ကျောင်းသားသစ် အမည်စာရင်း ထုတ်ပြန်

May 31, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့အတွက် ၂၀၂၂/၂၃ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ထားမှုစာရင်းကို ရွေးချယ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့အတွက် ၂၀၂၂/၂၃ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ခြင်းကို မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ပုသိမ်မြို့တွင်လည်းကောင်း၊ မေလ ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့တွင်လည်းကောင်း၊ မေလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ […]

မြန်မာဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ရွေးချယ်လျက်ရှိ

May 12, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့အတွက် ၂၀၂၂/၂၃ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ခြင်းကို မေလ ၅ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည်။ မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ပုသိမ်မြို့တွင်လည်းကောင်း၊ မေလ ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့တွင်လည်းကောင်း ကျောင်းသားသစ် ရွေးချယ်ပွဲများကို ကျင်းပခဲ့ပြီး ယနေ့ မေလ ၁၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ မန္တလေးမြို့ မြန်မာ ဘောလုံးအကယ်ဒမီတွင် ကျောင်းသားသစ်များ ဆက်လက် ရွေးချယ်မှု ပြုလုပ်လျက်ရှိသည်။ ၂၀၂၂.၂၃ ပညာသင်နှစ်အတွက် ရွေးချယ်ခေါ် […]

မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

May 2, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့တွင် ၂၀၂၂/၂၃ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များကို လာမည့် မေလ ၅ ရက်နေ့မှ စတင်ကာ ရွေးချယ်ခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြသည်။ ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာ သင်ကြားနေသူ၊ အနိမ့်ဆုံး မြို့နယ် ကျောင်းသား […]

ဂျပန်၊ ထိုင်း နှင့် မြန်မာတို့ ပူးပေါင်း၍ လူငယ်အကယ်ဒမီများ ပြိုင်ပွဲကျင်းပမည်

July 9, 2018 / By Admin

လူငယ် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်ရေး၊ လူငယ် ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိရေးနှင့် လူငယ် မျိုးဆက်သစ် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရေး တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ ဂျပန် ဘောလုံးအဖွဲ့ချုပ် နှင့်ထိုင်း ဘောလုံးအဖွဲ့ချုပ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် အသက် ၁၄ နှစ်အောက် အကယ်ဒမီဘောလုံး ပွဲတော်တစ်ရပ်ကို ရန်ကုန်မြို့ မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီတွင် လာမည့် သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ဘောလုံးပွဲတော်တွင် မန္တလေး အကယ်ဒီ ယူ၁၄ နှင့် ပုသိမ်အကယ်ဒမီ ယူ၁၄ ၊ ဂျပန် ဖူကူရှီးမား အကယ်ဒမီ ယူ၁၄ […]

ရုရှားနိုင်ငံသွားရောက်မည့် မြန်မာလူငယ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံအားပေးစကားဆို

May 30, 2018 / By Admin

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော်၊ လူငယ်ဖိုရမ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်သို့ သွားရောက် ပါဝင်ဆင်နွဲမည့် မြန်မာလူငယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုဗိုတယ် ရန်ကုန်မက်စ် ဟိုတယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တိုင်းပြည်အတွက် အားထားရသည့် မျိုးဆက်သစ်များ ဖြစ်လာစေရန်၊ နိုင်ငံတကာ ပွဲအတွေ့အကြုံများ ရရှိပြီး ကောင်းမွန်စွာ အသုံးချတတ်စေရန် လမ်းညွှန်မှာကြားခဲ့သည်။ ” အခုအရွယ် ကတည်းက အနေအထိုင် အစားအသောက် စနစ်တကျနဲ့ အဆင့်အတန်းရှိရှိ ဖြစ်စေချင်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အလိုက်မှာ အောင်မြင်မှု ရရှိဖို့က အခုအရွယ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင် သွားရမှာပါ။ ကမ္ဘာ့ဖလား […]

ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားမတိုင်မီ ကျင်းပမည့် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအဖွဲ့အား ရုရှားသံအမတ်ကြီး တွေ့ဆုံအားပေး

May 30, 2018 / By Admin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားနိုင်ငံသံအမတကြီး မစ္စတာအန်၊အေ၊လီစတိုပါဒေါ့ဗ်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော်၊ လူငယ်ဖိုရမ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်သို့ သွားရောက် ပါဝင်ဆင်နွဲမည့် မြန်မာလူငယ်အဖွဲ့အား ယနေ့မနက် (၁၁း၀၀)နာရီက ရုရှားသံရုံးတွင် ဧည့်ခံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အစစအရာရာ ကြိုးပမ်းပြင်ဆင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် နိုင်ငံတစ်ခု ဖြစ်သည်ကိုလည်း သိရှိ ထားပါကြောင်း၊ Football For Friendship Program သည် ကမ္ဘာတ၀န်းရှိ လူငယ်များအချင်းချင်း မိတ်ဆွေရင်းချာ ရင်းနှီးဆက်ဆံမှု ပိုမိုရရှိရေး အတွက် ဦးစားပေး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး […]

AYA Bank Scouting Tour 2017 သတင်းစာရှင်းလင်းပွဲကျင်းပ

March 7, 2017 / By Admin

မြန်မာ ဘောလုံးအကယ်ဒမီများအတွက် မျိုးဆက်သစ် ကစားသမားများ ထပ်မံရွေးချယ်မည့် AYA Bank Scouting Tour 2017 သတင်းစာရှင်းလင်းပွဲကို မတ်လ (၇) ရက်နေ့ နေ့လည် (၂) နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ကစားသမားရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)၊ ကစားသမားရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းသူမိုး၊ အထက်မြန်မာပြည် ကစားသမားရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင်တို့ တက်ရောက်ခဲ့ကြသည်။ AYA Bank Scouting Tour 2017 ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ပေါင်း (၅၅) မြို့သို့ သွားရောက်၍ မျိုးဆက်သစ် ကစားသမားများကို သတ်မှတ်ထားသော စံနှုန်းများအတိုင်း ရွေးချယ်သွားမည်ဖြစ်သည်။ ပဏာမကစားသမား စုစုပေါင်း (၂၀၀) ခန့် […]

အကယ်ဒမီများတွင် သင်ယူမည့် ကစားသမားများအား နိုင်ငံဒေသ အသီးသီးရှိ မြို့နယ် ၅၂ မြို့နယ်မှ အခြေခံ၍ ရွေးချယ်မှုများ ပြုလုပ်ရန် MFF နည်းစနစ် ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်

February 10, 2017 / By Admin

မကြာမီ ဖွင့်လှစ်မည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် ဘောလုံးနှင့် အတန်းပညာရေး သင်ကြားမည့် လူငယ် မျိုးဆက်သစ် ကစားသမားများ ရွေးချယ်ခေါ်ယူရေး နှင့်ပတ်သတ်၍ MFF နည်းစနစ် ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ နည်းစနစ် ကျွမ်းကျင်သူများ ဖြစ်သည့် စင်ကာပူ နိုင်ငံသား မစ္စတာ ဆီဗာဂျီ၊ ပြည်တွင်းမှ နည်းစနစ် ကျွမ်းကျင်သူများ နှင့် ၀ါရင့် အတွေ့အကြုံရှိသူများ ဖြစ်သည့် MFF […]