ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားမတိုင်မီ ကျင်းပမည့် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအဖွဲ့အား ရုရှားသံအမတ်ကြီး တွေ့ဆုံအားပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားနိုင်ငံသံအမတကြီး မစ္စတာအန်၊အေ၊လီစတိုပါဒေါ့ဗ်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော်၊ လူငယ်ဖိုရမ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်သို့ သွားရောက် ပါဝင်ဆင်နွဲမည့် မြန်မာလူငယ်အဖွဲ့အား ယနေ့မနက် (၁၁း၀၀)နာရီက ရုရှားသံရုံးတွင် ဧည့်ခံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အစစအရာရာ ကြိုးပမ်းပြင်ဆင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် နိုင်ငံတစ်ခု ဖြစ်သည်ကိုလည်း သိရှိ ထားပါကြောင်း၊ Football For Friendship Program သည် ကမ္ဘာတ၀န်းရှိ လူငယ်များအချင်းချင်း မိတ်ဆွေရင်းချာ ရင်းနှီးဆက်ဆံမှု ပိုမိုရရှိရေး အတွက် ဦးစားပေး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး […]