MFF Futsal League 1 & 2 ပြိုင်ပွဲများကျင်းပရန် အစည်းအဝေးကျင်းပ
MFF Futsal League 1 & 2 (2022)ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ် League 1 နှင့် League 2 များမှ ကလပ်အသင်းများ၏ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ ကျင်းပမည့် MFFFutsal League 1 & 2 (2022) ပြိုင်ပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့်ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးပုံစံများ၊ […]