Category: <span>Futsal League</span>

The MFF » Futsal League

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင် GV Athletic FC နိုင်ပွဲဆက်

July 15, 2018 / By Admin

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ စတုတ္ထနေ့ ပွဲစဉ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကျင်းပခဲ့သည်။ စတုတ္ထနေ့ ပွဲစဉ်များ၏ ပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသော AMM FC နှင့် Shwe Myawaddy FCတို့ ပွဲစဉ် တွင် AMM FC က ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ကောင်းများကို ရရှိခဲ့သည်။ ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော GV Athletic FC နှင့် Comrade FC အသင်းတို့ ပွဲစဉ်တွင် GV Athletic FC […]

MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များ စတင်ကျင်းပ

July 9, 2018 / By Admin

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်က ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် စတင်ကျင်းပခဲ့သည်။ အသင်းပေါင်း ၅ သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော ယင်း ခြေစစ်ပွဲစဉ်များ၏ ပထမနေ့ ပွဲစဉ်များ အဖြစ် GV Athletics အသင်းနှင့် Shwe Myawaddy အသင်း၊ AMM အသင်းနှင့် RDZ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။ ခြေစစ်ပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော GV Athletics အသင်းနှင့် Shwe Myawaddy အသင်းတို့ ပွဲစဉ်တွင် GV Athlitics အသင်းက ၅-၃ […]

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များထွက်ပေါ်

July 2, 2018 / By Admin

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များ ပွဲစဉ်ဇယားရေးဆွဲခြင်း အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းခဲ့သည်။ ထိုအခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ခြေစစ်ပွဲ၊ ပွဲစဉ်များကို မဲနှိုက်၍ ဆုံးဖြတ်ခဲ့ကြသည်။ MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ဇူလိုင်လ ၉ ရက်နေ့ မှ ၁၇ ရက်နေ့အထိ NIS(1)တွင် ကျင်းပမည် ဖြစ်သည်။ ခြေစစ်ပွဲစဉ်များသို့ Comrade FC၊ Shwe […]

MFF Myanmar Futsal League 2017 Week 14 ပွဲစဉ်များ

May 12, 2017 / By Admin

MFF Myanmar Futsal League 2017 ပြိုင်ပွဲရဲ့ Week 14 ပွဲစဉ်များကို မေလ ၂၄ ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Week 14 ပွဲစဉ်များကို မူလက မေလ (၉) ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာလက်ရွေးစင် ယူ ၂၀ ဖူဆယ်အသင်း၏ 2017 AFC U20 Futsal Championship ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသည့်အတွက် မေလ (၂၄) ရက်သို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်သည်။   Week 14 ပွဲစဉ်များမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှ Pyay United FC နှင့် အဆင့် (၂) နေရာမှ MIC FC တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲဟာ […]

ဂိုးအပြတ်ဆုံး ပွဲစဉ်တစ်ပွဲ ထပ်မံ ပေါ်ပေါက်ခဲ့တဲ့ MFF Myanmar Futsal League 2017 (Week 7) ပွဲစဉ်များ

March 29, 2017 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ Skynet က Main Sponsor အဖြစ် ပံ့ပိုးကူညီနေတဲ့ MFF Myanmar Futsal League 2017 ရဲ့ Week 7 ပွဲစဉ် တွေကတော့ ပြီးဆုံး ခဲ့ပါပြီ။ ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေမှာတော့ VUC FC အသင်းက Myoma FC အသင်းကို (၂၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒုတိယ နေရာက VUC FC အသင်းက ပထမနေရာကို ရောက်ရှိနိုင်ဖို့ သွင်းဂိုး အများအပြားကို သွင်းယူခဲ့ပေမဲ့ Pyay United အသင်းက လည်း UPT FC ကို (၁၆-၅)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား […]

လက်ရှိချန်ပီယံ MIC အသင်း ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲဖြစ်ခဲ့တဲ့ Week 5 ပွဲစဉ်များ

March 18, 2017 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ Skynet မှ Main Sponsor အဖြစ် ပံ့ပိုးကူညီသော MFF Myanmar Futsal League 2017 ပြိုင်ပွဲ၏ Week 5 ပွဲစဉ်များတွင် လက်ရှိချန်ပီယံ MIC FC ရှုံးပွဲ တွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ Week 5 ပွဲစဉ်များ၏ Big Match အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရသော MIC FC နှင့် Pyay United FC တို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ကစားကာ Pyay United အသင်းက (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ ယခုတစ်ပတ်ပွဲစဉ်များတွင် UPT FC အနေဖြင့် […]

MFF Myanmar Futsal League 2017 ပွဲစဉ် (၃) ပွဲ ကစားအပြီး MIC အသင်းက ပွဲစဉ်ဇယားကို ဆက်လက်ဦးဆောင်

March 13, 2017 / By Admin

MFF Myanmar Futsal League 2017 ပြိုင်ပွဲကို မတ်လ (၁) ရက်နေ့က စတင် ကျင်းပလာခဲ့ရာ ယခုအခါ ပွဲစဉ် (၃) ပွဲ ကစားပြီးခဲ့ပြီဖြစ်သည်။ ပွဲစဉ် သုံးပွဲအပြီးတွင် MIC FC, Pyay United FC, VUC FC တို့က ပွဲစဉ် သုံးပွဲစလုံး အနိုင်ကစားထားပြီး MIC အသင်းက ဂိုးကွာခြားချက်အသာဖြင့် ပွဲစဉ်ဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။ ဒုတိယနေရာတွင် Pyay United အသင်း နှင့် တတိယနေရာတွင် VUC အသင်းတို့က အသီးသီး ရပ်တည်နေကြသည်။ MIC အသင်းသည် ပွဲစဉ် (၁) တွင် Yangon City အသင်းကို ၁၀ ဂိုး ၂ […]

MFF Myanmar Futsal League 2017 ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲပွဲ အခမ်းအနား ကျင်းပ

February 23, 2017 / By Admin

MFF Myanmar Futsal League 2017 ပြိုင်ပွဲ၏ ပွဲစဉ်ရေးဆွဲပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီ အချိန်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ ပြိုင်ပွဲ၏ စပွန်ဆာ ကုမ္ပဏီ ဖြစ်သော မြန်မာ ဘရူဝါရီ လိမိတက်မှ ဈေးကွက် ဒါရိုက်တာ ဒေါ်မြစိမ်းရီ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ MFF မှ တာဝန်ရှိ သူများနှင့် ပြိုင်ပွဲ ၀င် ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ MFF Myanmar Futsal League 2017 […]