ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်
ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပဏာမစာရင်းတွင် ပြင်ပမှ […]