Category: <span>New Centre</span>

The MFF » New Centre

UEFA Assist Football for Women Programme ကျင်းပ

June 2, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)တို့ ပူးပေါင်းပြုလုပ်သော UEFA Assist Football for Women Programme ကို ဇွန် ၂ရက်၊ နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ် (ရန်ကုန်မက်စ်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဥရောပဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MFF အထွေထွေ အတွင်း ရေးမှူးဦးကိုကိုသိန်း၊ MNL CEO ဦးစိုးမိုးကျော်၊ မြန်မာ့ဘောလုံး အသိုင်းအ၀ိုင်းအတွင်း ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများ၊ ကလပ်အသင်းများ၊ ကစားသမားများ၊ ဒိုင်၊ နည်းပြ၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မီဒီယာ စသည့် ကဏ္ဍအသီးသီးမှ အမျိုးသမီးများ တက်ရောက်ခဲ့သည်။ အဆိုပါ အစီအစဉ်ကို မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းအတွင်း ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးဝန်ထမ်းများ၏ […]

MFF Carabao Amateur Futsal ပြိုင်ပွဲ အတွက် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ

June 1, 2023 / By Admin

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီနှင့် Century Beverage Co.,LTD တို့ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲကို ဇွန် ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ Century Beverage Co.,LTD မှ Managing Director ဦးစိုင်းဝင်းအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် Century Beverage Co.,LTD မှ Area Marketing Manager ဦးထွန်းထွန်းဦး၊ […]

FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲကျင်းပ

May 31, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၃၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာနတာဝန်ခံ ဦးလှမင်းနှင့် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် […]

Hiring-National Youth Team Coach (U-17)

May 31, 2023 / By Admin

Myanmar Football Federation being on the edge of a new era of football culture and development is looking for a highly qualified Youth Coach for its National Youth Team U-17. Role & Responsibilities He identifies, coaches all potentially talented youth players (U15 – 17s), selected for the Myanmar National Youth Teams (U-17). In the meantime, […]

FIFA MA Futsal Referring Course 2023 သင်တန်းဖွင့်ပွဲကျင်းပ

May 27, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်ဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ […]

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲကျင်းပ

May 20, 2023 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၀ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဆင်း အမှတ်တရ စကားများ ပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား […]

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲကျင်းပ

May 15, 2023 / By Admin

AFC Futsal Coaching Certificate Course – Level 1 သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဖွင့် အမှတ်တရ စကားများ ပြောကြားခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ AFC Futsal Coaching Certificate Course – Level 1 […]

FIFA – MA Refereeing Course 2023 သင်တန်း ဆင်းပွဲ ကျင်းပ

May 14, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဆင်းပွဲကို မေ ၁၄ရက် နေ့လယ်က သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob နှင့် […]

ဆီမီးဖိုင်နယ်တွင် ထိုင်းအား မြန်မာ ယူ၂၂ အရေးနိမ့်

May 13, 2023 / By Admin

၂၀၂၃ ဆီးဂိမ်းစ် အမျိုးသား ဘောလုံး အကြို ဗိုလ်လုပွဲစဉ်အား ယနေ့ ဒေသစံတော်ချိန် ည(၈)နာရီက ဖနွမ်းပင်မြို့ အိုလံပစ်ကွင်းတွင် ကျင်းပခဲ့ရာ မြန်မာယူ၂၂ အသင်းက ထိုင်း ယူ၂၂ အသင်းအား (၃-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ် ပွဲပယ်ခံထားရသည့် အတွက် လက်ထောက် နည်းပြ ဦးဇော်ဝင်းထွန်းက ယာယီနည်းပြချုပ် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ အလားတူ ဖိလစ်ပိုင်နှင့် ပွဲစဉ်တွင် ၂ ဝါ ၁ နီ ဖြင့်ထုတ်ပယ်ခံထားရသည့် နောက်ခံလူ လာဘ်ဝေဘုန်း နေရာတွင် နောင်နောင်စိုးအား အသုံးပြုသွားခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် ထိုင်းအသင်း ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် မြန်မာအသင်းအား စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် ပြစ်ဒဏ်ဘောမှ ရရှိသည့် […]

ထိုင်းကို အနိုင်ယူပြီး ဆီးဂိမ်းစ် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း

May 12, 2023 / By Admin

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ မေလ ၁၂ရက်၊ မြန်မာစံ တော်ချိန် ညနေ ၆နာရီ ၃၀မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ စန်းသော်သော်၊ ရူပါခိုင်၊ ဝင်းသိင်္ဂီထွန်းတို့ကို အသုံးပြုခဲ့သည်။ ပွဲချိန်၁၀မိနစ်တွင် Saowalak က ထိုင်းအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် မြန်မာအသင်းဘက်သို့ ထိုးဖောက်ခဲ့ပြီး ၁၈မိနစ်တွင် ထိုင်းကစားသမား Orapinက အဝေးကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်း ပွဲစဉ်အစပိုင်းတွင် အထနှေးနေခဲ့ပြီး ဒုတိယဂိုးခွင့်ပြုပြီးသည့်အချိန်တွင် တိုက်စစ်မြှင့်တင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးကာနီး […]