မြန်မာဖူဆယ်အသင်း Continental Futsal Championship ပြိုင်ပွဲ အုပ်စု (A)တွင် ယှဉ်ပြိုင်ရမည်
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship2023 ပြိုင်ပွဲ မဲခွဲပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၂၁ ရက် နေ့လယ် ၁း၀၀ နာရီအချိန်က ကျင်းပခဲ့ရာတွင် မြန်မာအသင်းသည် အုပ်စု (A)၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု မဲခွဲပွဲတွင် မြန်မာအသင်းသည် မဲအိုးနံပါတ် (၃)တွင် ကျရောက်ခဲ့ပြီး မဲခွဲရာတွင် အုပ်စု (A) သို့ ရောက်ရှိခဲ့ခြင်းကြောင့် အိမ်ရှင်ထိုင်း အသင်း၊ ဆော်လမွန် ကျွန်းစု အသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု (ခ)တွင် ချက်၊ မိုဇမ်ဘစ်၊ အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Continental Futsal Championship 2023 […]