ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ
၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆း၃၀)နာရီ၊ ရာဇမင်္ဂလာ ကွင်းတွင် ကျင်းပမည့် ထိုင်းနှင့် မြန်မာ ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ (၂း၀၀)နာရီက ဘန်ကောက်ရှိ Emerald Bangkok Hotel ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲသို့ ထိုင်းနည်းပြ ကိုင်တီဆက်၊ မြန်မာနည်းပြ ဂတ်ဆီဇီတို့ တက်ရောက်ဖြေကြားခဲ့သည်။ “ဇစ်ကို (ကိုင်တီဆက်)ကို ဂုဏ်ပြုပါတယ်။ ထိုင်းအသင်းက လက်ရှိအချိန်မှာ ဗိုလ်လုပွဲကို ၅၀ ရာခိုင်နှုန်း ရောက်ရှိနေပါပြီ။ အာဆီယံမှာ အကောင်းဆုံး အသင်းလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအသင်း အနေနဲ့ကလည်း နောက်ဆုံး […]