MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Coach Education ဌာနမှ ဖွင့်လှစ်သော MFF “D” Certificate Coaching Course သင်တန်းဆင်းပွဲ ကို သြဂုတ် ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းကသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် […]