Category: <span>New Centre</span>

The MFF » New Centre

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း အပြီးသတ်လူစာရင်း

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ပြုလုပ်မည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က မေ ၅ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းတွင် သက်ကျော်ကစားသမား (၃)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးကို ရွေးချယ်ထားသည်။သက်ကျော်ကစားသမားအဖြစ် နောက်ခံလူ ဝင်းမိုးကျော်နှင့် တိုက်စစ်မှူး မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဂိုးသမားနှစ်ဦးဖြစ်သည့် အောင်ကိုလတ်နှင့် သူရကျော်၊ တိုက်စစ်မှူးများဖြစ်သည့် ရဲရင့်အောင်နှင့် ရာဇာအောင်တို့ကိုလည်း အရန်သင့်အစားထိုးကစားသမားများအဖြစ် ထပ်ပေါင်းရွေးချယ်ထားပြီး အသင်းနှင့်ဆက်လက်ပူးတွဲလေ့ကျင့်စေမည်ဖြစ်သည်။ မြန်မာယူ-၂၃အသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၄) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပ​ြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် မြန်မာ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ် ” ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တစ်နှစ်ကျော်အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျအချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” […]

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်

May 3, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့သည် မေ ၂ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပူးပေါင်းခဲ့သည်။ ယနေ့ (မေ ၃ရက်) တွင် ဗီယက်ထရွိုင်မြို့၊ Bal Bang Field လေ့ကျင့်ရေးကွင်းတွင် ပဏာမလက်ရွေးစင်ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို သက်ကျော်ကစားသမား ၇ဦး အပါအဝင် စုစုပေါင်း ပဏာမလက်ရွေးစင်ကစားသမား ၂၉ဦး ဖြင့်ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို လာမည့် မေ ၅ရက်တွင် ကြေညာသွားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် […]

မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

May 2, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့တွင် ၂၀၂၂/၂၃ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များကို လာမည့် မေလ ၅ ရက်နေ့မှ စတင်ကာ ရွေးချယ်ခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြသည်။ ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာ သင်ကြားနေသူ၊ အနိမ့်ဆုံး မြို့နယ် ကျောင်းသား […]

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

April 29, 2022 / By Admin

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ အပြီးသတ် ကစားသမား ၁၆ ဦး စာရင်းကို နည်းပြချုပ် ဦးတင်မောင်ဌေးက ထုတ်ပြန်ခဲ့ပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်NSDF ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ အပြီးသတ် ကစားသမား ၁၆ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အပြီးသတ်ရွေးချယ်ခံရသော ကစားသမားများ ဂိုးသမားများ ခိုင်နှင်းသန့်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)၊ ကစားသမားများ အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော်( Shin Lay-2)၊ဝါဝါခိုင်(SPED)၊ ခင်မာလင်း (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊မေသက်ပိုင်(ပဲခူး)၊ […]

NSDF ပြိုင်ပွဲ နောက်ဆုံးပွဲတွင် မြန်မာအသင်း ဩစတြေးလျကလပ်ကို ရူံးနိမ့်

April 26, 2022 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Women’s Futsal Championship 2022 ပြိုင်ပွဲတွင် နောက်ဆုံး ပွဲစဉ်အဖြစ် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် ၂-၂ ဂိုး သရေကျနေပြီး မြန်မာအသင်းအတွက် ဂိုးများကို ဇင်မိုးပြည့်နှင့် ခိုင်သဇင်ဦးတို့က သွင်းယူပေးခဲ့ကာ ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲတွင် ၄ပွဲကစား ၄ ပွဲစလုံးရူံးနိမ့်ပြီး အုပ်စုနောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်မှာ ၁-၁ ဂိုး သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး အုပ်စုပထမနေရာတွင် ရပ်တည်ခဲ့သော ထိုင်းအသင်းက ချန်ပီယံဆုရရှိခဲ့ကာ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ […]

မြန်မာအမျိုးသမီး ဖူဆယ်အသင်း သုံးပွဲဆက် ရူံးနိမ့်

April 24, 2022 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Women’s Futsal Championship 2022 ပြိုင်ပွဲတွင် တတိယမြောက် ပွဲစဉ်အဖြစ် အင်ဒိုနီးရှား အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် အင်ဒိုနီးရှား အမျိုးသမီးလက်ရွေးစင်အသင်းက ၂-၁ဂိုးဖြင့် ဦးဆောင်ကစားခဲ့ပြီး မြန်မာအသင်းအတွက် ပထမဂိုးကို ခင်ပြည့်လင်းက သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ပွဲကအပြန်အလှန်ဖြစ်ခဲ့ပြီး နှစ်သင်းစလုံး တစ်ဖက်တစ်ဂိုးစီသွင်းကာ မြန်မာအသင်းအတွက်ဂိုးကို ဇင်မိုးပြည့်က သွင်းယူပေးခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲတွင် နိုင်ပွဲပျောက်နေပြီး ၃ ပွဲကစား ၃ ပွဲစလုံး ရူံးနိမ့်ထားသည်။ မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဧပြီ ၂၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁း၃၀ နာရီ […]

မြန်မာအမျိုးသမီး ဖူဆယ်အသင်း ရူံးပွဲဆက်တွေ့

April 23, 2022 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Women’s Futsal Championship 2022 ပြိုင်ပွဲတွင် အသင်း၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဧပြီ ၂၃ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ထိုင်းအောလ်စတား အမျိုးသမီးအသင်းနှင့်ပွဲစဉ်တွင် ၄-၁ ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။ ထိုင်းအောလ်စတားအမျိုးသမီးအသင်းသည် ပွဲချိန် ပထမပိုင်းတွင် ၃ ဂိုး ၊ ဒုတိယပိုင်းတွင် ၁ ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပွဲချိန်ဒုတိယပိုင်းတွင် မေသက်ပိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သော ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စု တတိယပွဲစဉ်အဖြစ် ဧပြီ ၂၄ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် […]

ဆီးဂိမ်းစ်အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် ကြေညာမည်

April 22, 2022 / By Admin

လာမည့် မေလအတွင်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် အပြီးသတ်လူစာရင်းကို မေ ၅ရက်တွင် တရားဝင်ကြေညာမည်ဟု နည်းပြချုပ် ပိုပေါ့ဗ်က ဆိုသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လက်ရှိတွင် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ပဏာမလက်ရွေးစင်အဖြစ် ကစားသမား (၂၉)ဦးကို ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ၂၀၂၁ခုနှစ် နှစ်စကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃အသင်းကို ၂၀၁၉ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ စိုးမိုးကျော် အစရှိသော ကစားသမားများကိုအခြေခံပြီး ယူ-၁၉ အသင်းမှ ထွက်ပေါ်လာသော မျိုးဆက်သစ်ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဆီးဂိမ်းပြိုင်ပွဲသည် အသက် (၂၃)နှစ်အောက်ပြိုင်ပွဲဖြစ်သော်လည်း သက်ကျော်ကစားသမား သုံးဦးထည့်သွင်းခွင့်ပြုထားရာ မြန်မာယူ-၂၃ […]

NSDF အမျိုးသမီးဖူဆယ် အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ဂိုးပြတ်ရူံးနိမ့်

April 20, 2022 / By Admin

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Women’s Futsal Championship 2022 ပြိုင်ပွဲတွင် အသင်း၏ အဖွင့် ပွဲစဉ်အဖြစ် ဧပြီ ၂၀ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် ပွဲစဉ်တွင် ၇-၀ ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို မယှဉ်နိုင်ဘဲ ပထမပိုင်းတွင် ၂ ဂိုး ၊ ဒုတိယပိုင်းတွင် ၅ ဂိုးပေးလိုက်ရခြင်းဖြစ်သည်။ အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သော ထိုင်းအောလ်စတားနှင့် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းတို့ ပွဲစဉ်တွင် ထိုင်းအောလ်စတားအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲစဉ် အဖြစ် ဧပြီ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ၃း၃၀ အချိန်တွင် […]