အာဆီယံ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးချယ်ခံရ
မလေးရှားနိုင်ငံ KUANTAN မြို့တွင် ကျင်းပလျက်ရှိသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ( Asean Football Federation -AFF)၏ ကောင်စီ အစည်းအဝေး AFF 2nd Council Meeting for the Session 2015/2016 သို့တက်ရောက်လျက် ရှိသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်သည် အဆိုပါ ကောင်စီအစည်းအဝေးတွင် ဆန္ဒပြု ရွေးချယ်မှုအရ အာဆီယံ ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေး ကော်မတီ (AFF Development Committee) ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခြင်း ခံရကြောင်း သတင်းရရှိသည်။ အာဆီယံ ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌနှင့် AFF […]