၂၀၂၄ အာရှအမျိုးသမီးယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ
လာမည့် ၂၀၂၃ခုနှစ် မတ်လအတွင်း ကျင်းပမည့် ၂၀၂၄ခုနှစ်အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ (AFC U-20 Women’s Asian Cup Qualifiers Round-1) အတွက် အုပ်စုမဲခွဲပွဲကို ယနေ့ (နိုဝင်ဘာ ၃ရက်) နေ့လယ်ပိုင်းက မလေးရှားနိုင်ငံရှိ အာရှဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (ဆ)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ ပါကစ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ ပြိုင်ပွဲကို မတ် ၄ရက်မှ ၁၂ရက်အထိ ကျင်းပရန်စီစဉ်ထားရာ အာရှဒေသတွင်းမှ အသက် (၂၀)နှစ်အောက် အမျိုးသမီးအသင်းပေါင်း (၃၁) သင်းမှ အုပ်စု (၈) စုခွဲ၍ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အုပ်စုဗိုလ် (၈)သင်းသာ ဒုတိယအဆင့် […]