Category: <span>Referee</span>

The MFF » Referee

FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲကျင်းပ

May 31, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၃၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာနတာဝန်ခံ ဦးလှမင်းနှင့် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် […]

FIFA MA Futsal Referring Course 2023 သင်တန်းဖွင့်ပွဲကျင်းပ

May 27, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA MA Futsal Referring Course 2023 သင်တန်ဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် သင်တန်းနည်းပြများ ဖြစ်ကြသည့် FIFA Referring Development Officer Mr. Mohamad Rodzali Bin Yacob၊ FIFA Futsal Referee Instructor Mr. Badrul Hisham Kalam၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ […]

FIFA – MA Refereeing Course 2023 သင်တန်း ဆင်းပွဲ ကျင်းပ

May 14, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဆင်းပွဲကို မေ ၁၄ရက် နေ့လယ်က သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob နှင့် […]

FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်

May 10, 2023 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် FIFA – MA Refereeing Course 2023 သင်တန်းဖွင့်ပွဲကို မေ ၁၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းဆရာဖြစ်သည့် FIFA Refereeing Development Officer Mr. Mohamad Rodzali Yacob တို့ကသင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့သည်။ […]

MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ

April 30, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ဧပြီ ၃၀ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က သင်တန်းဆင်း အအမှာစကားပြောကြားခဲ့ကြပြီး သင်တန်းသား တစ်ဦးနှင့် သင်တန်းသူများတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများကို […]

ဆီးဂိမ်းစ်နှင့် အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် မြန်မာဒိုင်များတာဝန်ပေးအပ်ခံရ

April 28, 2023 / By Admin

ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)နှင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် AFF Futsal Club Championship 2023 ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ရန်အတွက် မြန်မာဒိုင်လူကြီးသုံးဉီး တာဝန်ပေးအပ်ခံရပါသည်။ AFF Futsal Club Championship 2023 ပြိုင်ပွဲအတွက် မြန်မာဒိုင်လူကြီး ဖြိုးပြည့်စုံဝင့်နှင့် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး နှစ်ဉီးဖြစ်သည့် ဇင်မာဉီးနှင့် မေသက်ဖြူ တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MFF Newly Referee Course 1/2023 သင်တန်းဖွင့်လှစ်

April 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 1/2023 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြခြင်း သင်တန်းသား သင်တန်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို […]

အာရှအမျိုးသမီး ယူ-၁၇ ခြေစစ်ပွဲ တာဝန်ထမ်းဆောင်ရန် မြန်မာအမျိုးသမီးဒိုင် (၂)ဦး ဗီယက်နမ်သို့ထွက်ခွာ

April 19, 2023 / By Admin

AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။ လာမည့် ဧပြီ ၂၂ရက်မှ ၂၆ရက်အထိ ဗီယက်နမ်တွင် ကျင်းပမည့် AFC U-17 Women’s Asian Cup qualification 2024 ခြေစစ်ပွဲစဉ်၏ အုပ်စု (ဂ)တွင် တာဝန်ယူကိုင်တွယ် ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်း တို့က ‌ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ အုပ်စု (ဂ)တွင် အိမ်ရှင်ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်၊ ပါလက်စတိုင်း၊ ဘာရိန်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာ၀န်ပေးအပ်ခံရ

March 29, 2023 / By Admin

Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း စတင်ကျင်းပသွားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။ လာမည့် ဧပြီ ၁ရက်မှ ၇ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့တွင် ကျင်းပမည့် Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်၏ အုပ်စု (ဃ)တွင် တာဝန်ယူကိုင်တွယ်ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဂေးပလောင် တို့က ‌ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ အုပ်စု (ဃ)တွင် အိမ်ရှင်ထိုင်း၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ သီရိလင်္ကာ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီး သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်မည်

March 29, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနမှကြီးမှူးကျင်းပမည့် လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၂၃ (MFF Newly Referee Course 1/2023) ကို လာမည့် ဧပြီ ၂၄ရက်မှ ၃၀ရက် အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အဆင့်မြင့်နိုင်ငံ တကာပြိုင်များတွင် ထမ်းဆောင်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရည်အချင်း ပြည့်မှီသော လူငယ်ဒိုင်လူကြီးများပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအသိအမှတ် ပြု ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် MFF Newly Referee Course 1/2023 အား ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ သင်တန်းနည်းပြဆရာများအဖြစ် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြုနည်းပြဆရာများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အပြည်ပြည်ဆိုင်ရာ […]