Category: <span>Referee</span>

The MFF » Referee

အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာ၀န်ပေးအပ်ခံရ

March 29, 2023 / By Admin

Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း စတင်ကျင်းပသွားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးအပ်ခြင်းခံရပါသည်။ လာမည့် ဧပြီ ၁ရက်မှ ၇ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့တွင် ကျင်းပမည့် Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်၏ အုပ်စု (ဃ)တွင် တာဝန်ယူကိုင်တွယ်ရန်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဂေးပလောင် တို့က ‌ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ အုပ်စု (ဃ)တွင် အိမ်ရှင်ထိုင်း၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ သီရိလင်္ကာ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီး သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်မည်

March 29, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနမှကြီးမှူးကျင်းပမည့် လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၂၃ (MFF Newly Referee Course 1/2023) ကို လာမည့် ဧပြီ ၂၄ရက်မှ ၃၀ရက် အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အဆင့်မြင့်နိုင်ငံ တကာပြိုင်များတွင် ထမ်းဆောင်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရည်အချင်း ပြည့်မှီသော လူငယ်ဒိုင်လူကြီးများပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအသိအမှတ် ပြု ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် MFF Newly Referee Course 1/2023 အား ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ သင်တန်းနည်းပြဆရာများအဖြစ် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြုနည်းပြဆရာများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အပြည်ပြည်ဆိုင်ရာ […]

အမျိုးသမီး ဒိုင်လူကြီး နှစ်ဦး AFC Elite Referee အဖြစ် ရွေးချယ်ခံရ

February 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် အမျိုးသမီး ဒိုင်လူကြီးများ အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်ဇင်မာဦးနှင့် ဒေါ်မေသက်ဖြူတို့သည် အာရှဘောလုံးအဖွဲ့ချုပ်၏ AFC Elite Referee အဖြစ် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ဒေါ်ဇင်မာဦးနှင့် ဒေါ်မေသက်ဖြူတို့သည် ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့တွင် ဖွင့်လှစ်ခဲ့သော AFC Referee & Assistant Referee Selection Course 2023 ကို တက်ရောက်ခဲ့ပြီး သင်တန်းဆင်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် အတွက် AFC Elite Referee အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဒေါ်ဇင်မာဦးသည် ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပြီး ဒေါ်မေသက်ဖြူသည် အကူဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ဒေါ်ဇင်မာဦးနှင့် ဒေါ်မေသက်ဖြူတို့ AFC Elite […]

MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ

February 25, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အကြံပေးဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MFF Futsal Referee Workshop For 2023 ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ဖူဆယ်ဒိုင်လူကြီး တစ်ဦးက […]

MFF Futsal Referee Workshop For 2023 ကျင်းပ

February 23, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Futsal Referee WorkshopFor 2023 ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခမ်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းနှင့် ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဦးနိုင်သောင်းထိုက်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ MFF Futsal Referee Workshop For 2023 တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပြောင်းလဲလိုက်သော ဖူဆယ် ဥပဒေများနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။ဖူဆယ်ဒိုင်လူကြီး ၂၅ ဦးပါဝင်သော […]

MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ

February 17, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အမျိုးသား ကွင်းလယ်ဒိုင်များ၊ အကူဒိုင်လူကြီးများနှင့် ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်တို့က ဒိုင်လူကြီးများကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သော ဒိုင်လူကြီးတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ MFF Men Referee Workshop For 2023 […]

MFF Men Referee Workshop For 2023 ကျင်းပ

February 13, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Men Referee Workshop For 2023 ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အမျိုးသား ကွင်းလယ်ဒိုင်များ၊ အကူဒိုင်လူကြီးများနှင့် ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းနှင့် ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီး၊ အကူဒိုင်လူကြီးနှင့် ဖူဆယ်ဒိုင်လူကြီးများအဖြစ် ရွေးချယ်ခြင်းခံရသည့် ဒိုင်လူကြီးများကို ဖီဖာအသိအမှတ်ပြု တံဆိပ်များပေးအပ်ခြင်း အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့သည်။ အမျိုးသား ကွင်းလယ်ဒိုင်၊ […]

ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး

February 10, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနမှ ဖွင့်လှစ်သည့် ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ (MFFReferee Assessor Workshop For 2023) ပြီးဆုံးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက သု၀ဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ MFF Referee Assessor Workshop 2023 ပြီးဆုံးခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီဝင် နည်းစနစ်ဒါရိုက်တာဦးတင်မြင့်အောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒိုင်ကြီးကြပ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် နှင့် ဦးစိုးမိုးကျော်တို့က အမှာ စကားပြောကြားခဲ့ပြီး Workshop တွင် ပါဝင်ဆွေးနွေးခဲ့သော […]

ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

February 8, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဌာနမှ ဖွင့်လှစ်သည့် ဒိုင်ကြီးကြပ် အလုပ်ရုံဆွေးနွေးပွဲ (MFF Referee Assessor Workshop For 2023) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ MFF Referee Assessor Workshop 2023 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒိုင်ကြီးကြပ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဦးဘန်နီတင်အောင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားတွင် အာရှဘောလုံးအဖွဲ့ချုုပ်တွင် ဒိုင်ကြီးကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူခဲ့ပြီ ဖြစ်သော ဦးထွန်းလှအောင်ကို အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဂုဏ်ပြုခြင်း […]

AFC/ MFF B Diploma Coaching Course Part 1 သင်တန်းကာလပြီးဆုံး

December 6, 2022 / By Admin

အာရှဘောလုံးအဖွဲချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/ MFF B DiplomaCoaching Course Part 1 သည် ဒီဇင်ဘာ ၆ ရက်တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ AFC/ MFF B Diploma Coaching Course Part 1 ကို နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၆ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ လက်ထောက်သင်တန်းနည်းပြများအဖြစ် ဦးအောင်ဇော်မျိုးနှင့် ဦးဘုန်းညွန့်ကို တို့က သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၁ ဦး သင်တန်းသူ ၃ ဦးတို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။ AFC/ MFF B Diploma Coaching Course Part 2 […]