မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မျိုးဆက်သစ် ဒိုင်လူကြီး သင်တန်း ၂/၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁ ရက်နေ့က သုဝဏ္ဏဘောလုံးကွင်းအတွင်းရှိ သတင်စာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ ဒိုင်လူကြီးဌာန ဒါရိုက်တာ ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးကိုကိုသိန်းနှင့် သင်တန်းနည်းပြဆရာ ဦးခင်မောင်သန်းတို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား(၁) ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။