လေးနှစ်ကြာ သင်ယူရမည့် AFC ဒိုင်အကယ်ဒမီသို့ မြန်မာနိုင်ငံမှ ဒိုင်လူကြီး ဦးဖြိုးထက်အောင် တက်ရောက်သင်ယူမည်
အာရှဘောလုံး အဖွဲ့ချုပ် AFC ၏ ဒိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်မည့် AFC Referee Academy Batch 2018 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်လူကြီးတစ်ဦး ဖြစ်သူ ဦးဖြိုးထက်အောင် တက်ရောက် သင်ယူမည်ဖြစ်သည်။ သင်တန်းကာလ ၄ နှစ်ကြာ တက်ရောက် သင်ယူရမည့် အဆိုပါ ဒိုင်လူကြီး အကယ်ဒမီသို့ အာရှ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံလျင် (၂)ဦးစီ တက်ရောက်ခွင့် ရှိသော်လည်း ပြည်တွင်းရှိ ဒိုင်လူကြီးများအနက် အသက်အရွယ်နှင့် စံနှုန်းကိုက်ညီသည့် ဦးဖြိုးထက်အောင် တစ်ဦးတည်းကိုသာ အဆိုပြုရခြင်း ဖြစ်သည်။ AFC အနေဖြင့် ဒိုင်အကယ်ဒမီ တက်ရောက်ရန် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်မှာ ၂၃ နှစ် နှင့် ၂၉ နှစ်အကြားဖြစ်ပြီး အင်္ဂလိပ်စာ […]