Category: <span>Refresher Coaches Course</span>

The MFF » Refresher Coaches Course

လေးနှစ်ကြာ သင်ယူရမည့် AFC ဒိုင်အကယ်ဒမီသို့ မြန်မာနိုင်ငံမှ ဒိုင်လူကြီး ဦးဖြိုးထက်အောင် တက်ရောက်သင်ယူမည်

October 5, 2018 / By Admin

အာရှဘောလုံး အဖွဲ့ချုပ် AFC ၏ ဒိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်မည့် AFC Referee Academy Batch 2018 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်လူကြီးတစ်ဦး ဖြစ်သူ ဦးဖြိုးထက်အောင် တက်ရောက် သင်ယူမည်ဖြစ်သည်။ သင်တန်းကာလ ၄ နှစ်ကြာ တက်ရောက် သင်ယူရမည့် အဆိုပါ ဒိုင်လူကြီး အကယ်ဒမီသို့ အာရှ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံလျင် (၂)ဦးစီ တက်ရောက်ခွင့် ရှိသော်လည်း ပြည်တွင်းရှိ ဒိုင်လူကြီးများအနက် အသက်အရွယ်နှင့် စံနှုန်းကိုက်ညီသည့် ဦးဖြိုးထက်အောင် တစ်ဦးတည်းကိုသာ အဆိုပြုရခြင်း ဖြစ်သည်။ AFC အနေဖြင့် ဒိုင်အကယ်ဒမီ တက်ရောက်ရန် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်မှာ ၂၃ နှစ် နှင့် ၂၉ နှစ်အကြားဖြစ်ပြီး အင်္ဂလိပ်စာ […]

MFF Coaches Refresher Course 2018 သင်တန်းဆင်းပွဲ ကျင်းပ

June 1, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သော MFF Coaches Refresher Course 2018 သင်တန်း ဆင်းပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ဇွန်လ ၁ ရက်နေ့ နေ့လည် ၃နာရီ အချိန်က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (အာရှဘောလုံး အဖွဲ့ချုပ် သင်တန်းနည်းပြ ဆရာ) ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား နည်းပြဆရာများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်တို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထိုသင်တန်းကို မေလ […]