4th AFC Social Responsibility Committee အစည်းအဝေး ကျင်းပ
4th AFC Social Responsibility Committee Meeting ကို စက်တင်ဘာ ၂၀ရက်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့် AFC Social Responsibility Committee ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ Mr. Kanatbek Mamatov၊ အာရှဘောလုံးအဖွဲ့ချုပ်များ တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး အာရှဒေသတွင်း CSR အစီအစဉ်များအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ရှေးဦးစွာ AFC Social Responsibility Committee အနေဖြင့် ၂၀၂၁ခုနှစ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော CSR အစီအစဉ်များကို တင်ပြခဲ့ပြီးနောက် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် CSR အစီအစဉ် (၆)ရပ်ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။ ကာဂျစ်စတန်နိုင်ငံအတွင်း မိဘမဲ့ကျောင်းများအပါအဝင် စာသင်ကျောင်း […]