August 25, 2018 / By Admin
မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF ကောင်စီအစည်းဝေး တက်ရောက်လျက် ရှိသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ပြီးခဲ့သည့် ကာလအတွင်း လာအိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် ငလျင်ဘေးသင့်မှုများကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဆည်ပြိုကျခြင်းကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် လာအိုပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ပံ့ပိုးကူညီငွေ အမေရိကန် ဒေါ်လာ တစ်သောင်း (USD 10000) ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က လာအိုနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာဝီဖတ် မှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။ ကုလထုတ်ပြန်ချက်အရ အဆိုပါ ရေဘေးကြောင့် […]