AFC Futsal Coaching Certificate Course – Level 1 သင်တန်း တောင်ကြီးတွင်ဖွင့်လှစ်
အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းသို့ သင်တန်းသား (၁၈)ဦးနှင့် သင်တန်းသူ (၂)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းသင်တန်း၏ သင်တန်းမှူးအဖြစ် ဦးတင်မောင်ဌေးမှ တာဝန်ယူမည်ဖြစ်ပြီး လက်ထောက်သင်တန်းမှူးအဖြစ် ဦးကျော်ဇင်ညွန့်မှ တာဝန်ယူသွားမည် ဖြစ်သည်။ ယခုတစ်ကြိမ်ဖွင့်လှစ်သော AFC Futsal Coaching Certificate Course – Level 1 သင်တန်းသည် တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော (၁၁)ကြိမ်မြောက် […]