Category: <span>Amateur League</span>

The MFF » Amateur League

FIFA Amateurs Football ဆွေးနွေးပွဲကျင်းပ

September 16, 2022 / By Admin

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင် နိုင်ငံများ ကျင်းပမည့် အပျော်တမ်းဘောလုံးတိုး တက် ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပွဲကို ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် စက်တင်လာ ၁၆ ရက် က ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့််အောင်နှင့် တာဝန်ရှိသူများ၊ FIFA မှ နည်းစနစ် အကြံပေး Mr. Caslib Aris တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း အပျော်တမ်း အသင်းကောင်းများပေါ်ထွက်လာရေး၊ ဘောလုံးကစားသ မားကောင်းများ ပေါ်ထွက်လာရေး၊ Stakeholderများ စပွန်ဆာများနှင့် ပူးပေါင်း၍ အပျော်တမ်း ဘောလုံးပြိုင် ပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ဘောလုံးပြိုင်ပွဲတွင် ကြယ်စင်စုအက်ဖ်စီအသင်းဗိုလ်စွဲ

January 20, 2019 / By Admin

MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေ့ဦးစွာ MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ၏ နောက်ဆုံးပွဲစဉ်အဖြစ် ကြယ်စင်စုအက်ဖ်စီအသင်းနှင့် ဧရာဇာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကြယ်စင်စုအက်ဖ်စီအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ MFF Amateur League 2018 ပြိုင်ပွဲတွင် အဆင့် (၈) နေရာ ရရှိခဲ့သည့် ပလိပ်နင်ဂျာအသင်းအား ဆုငွေကျပ် ၃ သိန်း ကို မန္တလေးတိုင်းဒေသကြီး ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးတင်သိန်းကလည်းကောင်း၊ အဆင့် (၇) နေရာ ရရှိခဲ့သည့် ချမ်းအေသာဇံအသင်းအား ငွေသားကျပ် ၅ သိန်းကို […]