Category: <span>Latest Activities</span>

The MFF » Latest Activities

အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

September 14, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယ အကျော့အတွက် မှတ်ပုံတင် အသစ်တင်ရှိထားသည့် ပြိုင်ပွဲဝင် အသင်းများမှ ထပ်တိုး ကစားသမားများအား အသက်စစ်ဆေးခြင်းကို စက်တင်ဘာ ၁၄ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပါသည်။ ကစားသမားများအား အသက်စစ်ဆေးခြင်းကို ဦးဝင်းသူမိုး (ပြိုင်ပွဲ တာဝန်ခံ၊ အောက်မြန်မာပြည်)၊ ဦးမိုးသွင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ခံ)၊ ဒေါက်တာ ကျော်သန့်ဇင်(မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာ တွဲဘက်တာဝန်ခံ)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အသက်စိစစ်ရေးအဖွဲ့နှင့် ပြိင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ […]

U15 LEAGUE အထက်မြန်မာပြည်ဇုန် COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 13, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အထက်မြန်မာပြည်(မန္တလေးဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး)တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာဘောလုံး အကယ်ဒမီ ( မန္တလေး) ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်၊ ဦးအောင်အောင်မျိုး( ပြိုင်ပွဲ ယာယီ တာ ဝန်ခံ၊ အထက်မြန်မာပြည်)၊ သင်တန်းဆရာ ဦးညီညီလတ်၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် […]

FIFA – MFF U15 LEAGUE COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 9, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဆင်းပွဲ ကို စက်တင်ဘာ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင်အောင်၊ သင်တန်းဆရာများ ဖြစ်ကြသော ဦးညီညီလတ်၊ ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က […]

ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲတွင် မြန်မာနှင့် နီပေါ ဂိုးမရှိ သရေကျ

September 8, 2023 / By Admin

ဖီဖာ နိုင်ငံတကာ ‘အေ’ အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲ (FIFA INTERNATIONAL “A” Friendly Match) အဖြစ် စက်တင်ဘာ ၈ ရက်၊ ညနေ ၅:၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ( ၀ – ၀ ) ဂိုးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ မြန်မာ့ လက်ရွေးစင်အသင်း ပွဲထွက် လူစာရင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သန်းပိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ ရန်နိုင်ဦးနှင့် ဟိန်းဇေယျာလင်းတို့ ပါဝင်ကစားခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းအနေဖြင့် ဂိုးသွင်းခွင့် အခွင့်အရေးများစွာ […]

FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲ ကျင်းပ

September 8, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကို စက်တင်ဘာ […]

နီပေါအသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်

September 6, 2023 / By Admin

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်မိုက်ကယ် (Michael Feichtenbeiner) သည် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ဖီဖာနိုင်ငံတကာခြေစမ်းပွဲ အတွက် ကစားသမား ၂၇ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ FIFA International “A” Friendly Matches ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၈နှင့် ၁၁ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နှစ်ပွဲစလုံးအတွက် အထူးတန်းနှင့် ရိုးရိုးတန်း လက်မှတ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး ဂိတ်-၂ တွင် စက်တင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၁၁ ရက်နေ့များတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ယင်းခြေစမ်းပွဲစဉ် (၂)ပွဲကို Sky Net Sports နှင့် Channel 9 […]

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 6, 2023 / By Admin

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင် ၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က သင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ ဦးတင်မောင်ဌေးက သင်တန်းဆင်း အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ […]

AFC / MFF “C” DIPLOMA COACHING COURSE သင်တန်းဆင်းပွဲ ကျင်းပ

September 5, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်း အမှာ စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးညီညီလတ်နှင့် […]

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဖွင့်ပွဲကျင်းပ

September 1, 2023 / By Admin

AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏ ကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး တို့က အဖွင့်အမှာ စကား အသီသီးပြောကြားခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ AFC Futsal […]

AFC / MFF “C” Diploma COACHING COURSE သင်တန်းဖွင့်ပွဲ ကျင်းပ

August 28, 2023 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်း ဖွင့်လှစ်သော AFC / MFF “C” Diploma Coaching Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ MFF နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းအဖွင့် […]