Category: <span>MFF U15 Youth League 2023</span>

The MFF » Youth Development » MFF U15 Youth League 2023

FIFA-MFF U15 Youth League Grand Final တွင် ရှမ်းတောင်အသင်း ဗိုလ်စွဲ

December 11, 2023 / By Admin

FIFA-MFF U15 Youth League Grand Final ပွဲစဉ်ကို ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ညနေ ၅း၃၀ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းတောင်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။ အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် တတိယနေရာ လုပွဲတွင် ရာမညအသင်းက ချင်းတွင်းစတား အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲစဉ်များအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ဆုပေးပွဲတွင် စတုတ္ထရရှိခဲ့သည့် ချင်းတွင်းစတား အသင်းကို ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ဆုကြေးငွေကျပ် သိန်း ၂၀ […]

အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

September 14, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယ အကျော့အတွက် မှတ်ပုံတင် အသစ်တင်ရှိထားသည့် ပြိုင်ပွဲဝင် အသင်းများမှ ထပ်တိုး ကစားသမားများအား အသက်စစ်ဆေးခြင်းကို စက်တင်ဘာ ၁၄ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပါသည်။ ကစားသမားများအား အသက်စစ်ဆေးခြင်းကို ဦးဝင်းသူမိုး (ပြိုင်ပွဲ တာဝန်ခံ၊ အောက်မြန်မာပြည်)၊ ဦးမိုးသွင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ခံ)၊ ဒေါက်တာ ကျော်သန့်ဇင်(မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာ တွဲဘက်တာဝန်ခံ)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အသက်စိစစ်ရေးအဖွဲ့နှင့် ပြိင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ […]

FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲ ကျင်းပ

September 8, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U15 LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ၊ သင်တန်းနည်းပြ ဦးညီညီလတ်နှင့် ဦးဘုန်းညွန့်ကို ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကို စက်တင်ဘာ […]

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် (ရန်ကုန်တိုင်းဒေသကြီး) ခြေစစ်ပွဲစဉ်များ စတင်

April 24, 2023 / By Admin

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ခြေစစ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth […]

FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ ကျင်းပမည်

April 3, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) အား ယခုနှစ် မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ် […]