Category: <span>Committee Meeting</span>

The MFF » MFF » Committee Meeting

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၃)ကျင်းပ

December 3, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့ ၂၀၂၃ ဒီဇင်ဘာ ၂၃ ရက်၊ မနက်(၁၀း၀၀)နာရီက နိုဗိုတယ် ရန်ကုန်မက်စ် တွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာသည့် အမှုဆောင်အဖွဲ့ဝင်များ၏ အဆိုပြုချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက အဖွဲ့ချုပ် အနေဖြင့် နှစ်စဉ်နှစ်တိုင်း လိုငွေဖြင့်သာ လည်ပတ်နေရပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ လိုအပ်သလို စိုက်ထုတ်သုံးစွဲနေရခြင်းဖြစ်၍ လက်ရွေးစင် အသင်းပြိုင်ပွဲများ အောင်မြင်မှု ရရှိရန် လိုအပ်သလို အဖွဲ့ချုပ် အနေဖြင့်လည်း စနစ်တကျ စိစစ်သုံးစွဲရန် လိုအပ်ကြောင်း၊ ဘဏ္ဏာငွေရှာဖွေရာတွင် စပွန်ဆာပံ့ပိုးမှုနှင့် ရုပ်သံထုတ်လွှင့်မှု […]

ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ အစည်းအဝေးကျင်းပ

November 24, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ် (ရန်ကုန်မက်စ်)တွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော် ၊အဖွဲ့ဝင်များဖြစ်ကြသော မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး  ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းတို့က အမှာ စကား ပြောကြားပြီး […]

လူငယ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး ကျင်းပ

October 13, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ (Youth Competition Committee) အစည်းအဝေး ကို အောက်တိုဘာ ၁၃ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်သည့် ဦးကိုကိုဌေး နှင့် ဦးထောင်ထာထန်း၊ အဖွဲ့ဝင် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ ဦးကျော်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြုလုပ်သွားမည့် […]

မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ အစည်းအဝေးပြုလုပ်

October 5, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၅ ရက် နေ့လယ်က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်၊ ဒု- ဥက္ကဋ္ဌ ဦးအောင်မျိုးရှိန်နှင့် ဦးပြည့်ဖြိုးဟန်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်းဦး၊ ဦးလင်းသစ်လွင်မော်၊ ဦးမြတ်ထွဋ်ဝင်း၊ မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်တို့က မြန်မာနိုင်ငံ […]

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် INFRASTRUCTURE COMMITTEE MEETING ကျင်းပ

October 5, 2023 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Infrastructure Committee Meeting ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက Video Conferencing ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးထောင်ထာထန်း ၊ ဦးကိုကိုဌေး၊ ဒေါက်တာရဲမွန်ထွဋ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းတို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ Infrastructure လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ […]