Category: <span>Grassroots</span>

The MFF » Grassroots

FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီလာရောက်ကြည့်ရှု

January 11, 2016 / By Admin

ယနေ့နံနက် (၉)နာရီခွဲ YTCကွင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ  ဆောင်ရွက်နေသည့် FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်-ဖီဖာမှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီလာရောက်ကြည့်ရှုခဲ့သည်။ အဆိုပါအစီအစဉ်တွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူ သရုပ်ပြအဖွဲ့များက အဖွဲ့လိုက် သွေးပူလေးကျင့်ခန်း သရုပ်ပြခြင်း ၊ ကျောင်းအလိုက် သင်ကြား ထားသော လေ့ကျင့်ခန်းများဖြင့် သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး ဒေါက်တာဂျရီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က တစ်ဖွဲ့ချင်းစီ လိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူ သရုပ်ပြအဖွဲ့များ အားလုံး ပေါင်းပြီး ယုံကြည်မှု စက်ဝိုင်းတည်ဆောက်ခြင်းဖြင့် အဆုံးသတ် သရုပ်ပြခဲ့သည်။ ထို့နောက်အစီအစဉ်သို့ တက်ရောက် လာသူများ နှင့် ကျောင်းသား […]

လေ့ကျင့်ရေး ကုန်ကျစရိတ် လျော်ကြေး (Training Compensation) ဆိုတာ ဘာလဲ

January 8, 2016 / By Admin

အားကစားနည်း တစ်ခုမှာ ရေရှည်အောင်မြင်နိုင်ဖို့ ဆိုရင် မျိုးဆက်သစ် ကစားသမားမွေးမြူတဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ မျိုးဆက်သစ် အားကစားသမားတွေ ထွက်ပေါ်တဲ့နေရာကတော့ အကယ်ဒမီ အားကစား သင်တန်းကျောင်းတွေပါပဲ။ တစ်ချိန်တုန်း က  မြန်မာ့ဘောလုံးလောကဟာ အာရှအဆင့်အထိ ထိုးဖောက်အောင်မြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ပိုင်းမှာတော့ အာရှအဆင့် မမီတဲ့အထိကို ဖြစ်သွားပါတယ်။ ဒီလိုအဓိက ဖြစ်သွားရတဲ့ အကြောင်းအရင်းက စီနီယာ ကစားသမားတွေရဲ့ နောက်ကနေ အဆင်သင့် ကပ်လိုက် လာမယ့် မျိုးဆက်သစ် ဂျူနီယာကစားသမားတွေ မရှိခဲ့လို့ပါ။ ဒါပေမယ့်အခုချိန် မှာတော့မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးထားပြီးပါပြီ။ မြန်မာနေရှင် နယ်လိဂ် စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ မန္တလေးဘောလုံး အကယ်ဒမီ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သလို နောက်ပိုင်းမှာ ပုသိမ်၊ […]

MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲဖွင့်လှစ်

December 29, 2015 / By Admin

MFF 100 PLUS U14 Boys Super Cup 2015 အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက် (၉)နာရီ (၁၅)မိနစ်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးအနီးရှိ မြက်ခင်းတုတွင် ကျင်းပ ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ဘောလုံးအကယ်ဒမီ(ရန်ကုန်) ပန္နက်ရိုက်ပွဲ အခမ်းအနားအပြီးတွင် ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ  ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ  ဦးပြည့်ဖြိုးတေဇ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ နှင့် ရခိုင်ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းတို့ တက်ရောက်ခဲ့သည်။ ထို့နောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်မည့် အသင်းနှစ်သင်းဖြစ်သည့် မန္တလေး အကယ်ဒမီ (က) […]

မြန်မာဘောလုံး အကယ်ဒမီ( ရန်ကုန်) ပန္နက်ရိုက်ပွဲ မင်္ဂလာ အောင်မြင်စွာ ကျင်းပပြီးစီး

December 29, 2015 / By Admin

မြန်မာ ဘောလုံး အကယ်ဒမီ(ရန်ကုန်) ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရုံး (MFF) အနီးရှိ မြက်ခင်းတု ကွင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ MFF မှ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် တည်ဆောက် သွားမည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ထား၊ MFF ဥက္ကဋ္ဌ  ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဌေးဌေးခိုင်၊ MFF ဒုက္ကဋ္ဌ နှင့် ရန်ကုန် ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရခိုင် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် […]

MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

December 25, 2015 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် 100 PLUS တို့ပူးပေါင်းကျင်းပသည့် MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲအား အကယ်ဒမီ အသင်းများဖြစ်ကြသည့် မန္တလေး ဘောလုံးအကယ်ဒမီ (က)နှင့်(ခ)၊ ဇွဲကပင် ယူနိုက်တက် ဘောလုံး အသင်း အကယ်ဒမီ (က)နှင့်(ခ)၊ တပ်မတော် ဘောလုံး အကယ်ဒမီ၊ ရတနာပုံ ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီနှင့် ဧရာဝတီ ဘောလုံး အကယ်ဒမီ စသည့် အသင်း(၈)သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကစားသမား များအားလုံး […]

MFF U13 Girls 100 PLUS Super Cup 2015 ချန်ပီယံဆု ဧရာဝတီတိုင်း ဆွတ်ခူး

November 1, 2015 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ 100 PLUS မှအဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီသည့် MFF U13 Girls 100 PLUS Super Cup 2015 တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၃ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ ညနေ(၄း၀၀)နာရီက ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး အမျိုးသမီး အသင်းက ရန်ကုန် တိုင်းဒေသကြီးအမျိုးသမီး အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားအား ရယူသွား နိုင်ခဲ့သည်။ ယနေ့ မနက်ပိုင်းက ကျင်းပသည့် တတိယနေရာလုပွဲတွင်မူ ရှမ်း(တောင်)က ပဲခူး (အရှေ့)ကို (၃-၀)ဂိုးဖြင့် […]

ယူ-၁၃ မိန်းကလေး ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်တို့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထား

October 26, 2015 / By Admin

မန္တလေးတိုင်း ဒေသကြီး အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ဓာတ်ပုံ – MFF မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့် MFF U13 Girls 100 Plus Super Cup 2015 ဘောလုံး ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်က စ၍ ရန်ကုန်မြို့ရှိ စလင်းကွင်းနှင့် ပဒုမ္မာ ကွင်းများတွင် ကျင်းပလျှက် ရှိရာ ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး အသင်းများမှာ ရာနှုန်းပြည့် နိုင်ပွဲများ ရယူထားနိုင်ခဲ့သည်။

MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲ အောက်တိုဘာ ၂၄ ရက်နေ့ စတင်ကျင်းပမည်

October 21, 2015 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှကြီးမှူး ကျင်းပမည့် MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲအား အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ (၁)ရက်နေ့အထိ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာ အဆင့် အသင်းပေါင်း (၁၈)သင်း  ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ကစားသမားများမှာ အသက်(၁၃)နှစ်အောက် ကျောင်းသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အမျိုးသမီး ဘောလုံး လောကအတွက် အထောက်အကူပြု စေမည့် မျိုးဆက်သစ် လူငယ် ကစားသမားများ ပေါ်ထွက်လာစေရန် အထက်ပါ ပြိုင်ပွဲအား ကျင်းပခြင်း ဖြစ်ပြီး ပညာရေး ၀န်ကြီးဌာနနှင့် […]

FIFA 11 For Health ပရိုဂရမ်၏ ၂၀၁၅/၁၆ ခုနှစ် အတွက် နည်းပြဆရာ သင်တန်း ဖွင့်လှစ်

October 19, 2015 / By Admin

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA မှ ဦးစီးပြုလုပ်သည့် ကလေးငယ်များအား အားကစားနှင့် ကျန်းမာရေး ပေါင်းစပ် ပညာပေး အစီအစဉ် FIFA 11 For Health ၏ နည်းပြဆရာ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀း၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။