January 12, 2017 / By Admin
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် လူငယ် ကစားသမား ပြုစုပျိုးထောင်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်သွားမည် ဖြစ်သည်။ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တည်ဆောက်မှု လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် MFF ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့မနက်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လူငယ် ကျောင်းသားများ အတွက် အခန်းတွင်း အခန်းပြင် အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းမီ ဖွဲ့စည်းဆောင်ရွက်ရေး၊ နည်းပြဆရာများနှင့် အုပ်ချုပ်မှု အဖွဲ့များ ခန့်အပ်တာဝန်ပေးရေး […]