Category: <span>Men</span>

The MFF » Men

အိမ်ရှင် စင်ကာပူ အသင်းကို (၃-၂)ဂိုးဖြင့် မြန်မာအသင်း အရေးနိမ့်

December 24, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းသည် AFF Mitsubishi Electric Cup 2022 အုပ်စု ဒုတိယမြောက် ပွဲစဉ်အား အဝေးကွင်း ပွဲစဉ် အဖြစ် စင်ကာပူ အသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၄း၃၀ နာရီ၊ ဂျလန်ဘီဆာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် အသင်းအား (၃-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း – နန္ဒကျော်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ လင်းထက်စိုး၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် အိမ်ရှင်အသင်းအား ရင်ဆိုင် ကစားခဲ့သည်။ […]

မြန်မာနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်အတွက် Match Coordinating Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

December 20, 2022 / By Admin

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ (၂၁) ရက်၌ ကျင်းပမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့၏ ပွဲစဉ်အတွက် Match Coordinating Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၂၀) ရက် နေ့လယ်ပိုင်းက သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ Match Coordinating Meeting သို့ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင် အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ယင်းနောက်သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးနှင့် အသင်းခေါင်းဆောင် မောင်မောင်လွင်၊ မလေးရှားအသင်းနည်းပြချုပ် Kim Pan-gon […]

အာဆီယံ ချန်ပီယံရှစ်ပြင်ဆင်မှုအဖြစ် ကစားခဲ့သည့်ခြေစမ်းပွဲတွင် ထိုင်းအသင်းကို မြန်မာအသင်း အရေးနိမ့်

December 11, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံ ချန်ပီယံရှစ် ပွဲကြိုပြင်ဆင်မှု အဖြစ် ထိုင်းလက်ရွေးစင် အသင်းနှင့် ယနေ့ည ၈း၀၀ နာရီက သမ်မာဆက် ကွင်းတွင် ခြေစမ်းကစားခဲ့ရာ (၆-၀)ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ၅း၃း၂ ကစားဟန်ဖြင့် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ငြိမ်းချမ်း၊ ဟိန်းဇေယျာလင်း၊ ဟိန်းထက်အောင်၊ အလယ်တန်း-ကျော်မင်းဦး၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း-မြတ်ကောင်းခန့်၊ မောင်မောင်လွင် တို့ဖြင့် စတင်ပွဲထွက်ခဲ့သည်။ ထိုင်းအသင်းတွင်လည်း ထိုင်းလိဂ် ခြေစွမ်းပြ ကစားသမားများဖြင့် လူစုံခဲ့ပြီး မြန်မာအသင်းအား ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားသွားခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းသည် ထောင့်ကန်ဘော အပါအဝင် ဂိုးသွင်းခွင့်အချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ထိုင်းအသင်းသည် အိမ်ရှင်အသင်း […]

ထိုင်းနှင့်မြန်မာ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ

December 10, 2022 / By Admin

ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲ အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂း၀၀ နာရီက သမ်မာဆက် အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် နောက်ခံလူ ရဲမင်းသူ (ရှမ်းယူနိုက်တက်) တို့တက်ရောက် ဖြေကြားခဲ့သည်။ အဆိုပါ ခြေစမ်းပွဲအား မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် ည(၈း၀၀)နာရီ၊ Thammasat Stadium တွင်ကျင်းပမည် ဖြစ်သည်။ ” ခြေစမ်းပွဲစီစဉ် ဖိတ်ကြားခဲ့တဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ကြောင်း ဦးစွာပြောလိုပါတယ်။ ဒီမှာ အကောင်းဆုံး စီစဉ်မှုပေးမှုတွေနဲ့ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့ပြီး ကလပ်အသင်းတွေနဲ့ပါ ခြေစမ်းခွင့်ရခဲ့လို့ ကစားသမား ရွေးချယ်မှု အပိုင်းမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ […]

ချွန်ဘူရီ အသင်းအား (၁-၄)ဂိုးဖြင့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်း အနိုင်ရရှိ

November 29, 2022 / By Admin

ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ (၆း၀၀)နာရီက ထိုင်းလိဂ် အဆင့်(၂)ရရှိထားသည့် ချွန်ဘူရီ အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၄)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ချွန်ဘူရီ အသင်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါ ခြေစမ်းပွဲတွင် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ပထမပိုင်း ၁၁ ဦး၊ ဒုတိယပိုင်း ၁၁ ဦး မတူညီသည့် ပွဲထွက်လူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့သလို ချွန်ဘူရီ အသင်းတွင် လည်း မကြာသေးမီက လက်ရွေးစင်မှ အနားယူခဲ့သည့် နောက်ခံလူ ဇော်မင်းထွန်းနှင့် လိဂ်(၁) ကစားသမားများ ပါဝင် ကစားသွားခဲ့သည်။ ပဏာမ မြန်မာအသင်း၏ ပထမပိုင်း ပွဲထွက်စာရင်းတွင် […]

ပဏာမ မြန်မာ့လက်ရွေးစင်အသင်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ စတင်

November 28, 2022 / By Admin

ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ အပါအဝင် ထိုင်းလိဂ် ကလပ်အသင်း အချို့နှင့် ခြေစမ်းပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ မွန်းလွဲ ၁၂ နာရီက ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် အသင်းတည်းခိုရာ ဟိုတယ်သို့ ရောက်ရှိပြီးနောက် ဒေသစံတော်ချိန် ညနေ ၆း၃၀ နာရီတွင် BG Pathum United F.C. အသင်း လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ကစားသမား ၂၅ ဦးပါဝင်သည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ထိုင်းလိဂ်(၁) အသင်း Chonburi F.C. အသင်းနှင့် ကွင်းပိတ် […]

ထိုင်းနှင့်ခြေစမ်းမည့် မြန်မာအသင်းအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်း နည်းပြချုပ် အန်တွမ်နီဟေး ထုတ်ပြန်

November 24, 2022 / By Admin

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်းအား ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကစားသမား ၂၅ ဦးသည် လေးပွင့်ဆိုင် ခြေစမ်းပွဲမှ ရွေးချယ်ထားသည့် ပြည်တွင်းလိဂ် ကလပ်များမှ ကစားသမားများသာ ဖြစ်ကြပြီး ပြည်ပတွင် သွားရောက် ကစားနေသည့် ကစားသမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမည် ဖြစ်သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ယနေ့ ထုတ်ပြန်သည့် ကစားသမား ၂၅ ဦးနှင့် ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပူးပေါင်းလေ့ကျင့်ပြီးသည်နှင့် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် […]

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလေ့ကျင့်မှုများ နိုဝင်ဘာ ၁၈ ရက်နေ့ စတင်မည်

November 14, 2022 / By Admin

နည်းပြချုပ် အန်တွမ်နီဟေး တာဝန်ယူထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့၊ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ကစားရန် ရှိနေပြီး အဆိုပါ ခြေစမ်းပွဲနှင့် လေ့ကျင့်ရေး ခရီးစဉ်အတွက် ဆန်ခါတင် ကစားသမား ၂၅ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်သွားမည် ဖြစ်သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များမှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမား (၄၄)ဦးအား စုပေါင်း၍ မြန်မာ ယူ၂၃ အသင်းနှင့်အတူ နိုဝင်ဘာ […]

ဟောင်ကောင်နှင့်မြန်မာဒုတိယခြေစမ်းပွဲဂိုးမရှိသရေကျ

September 24, 2022 / By Admin

ဟောင်ကောင်နှင့် မြန်မာ လက်ရွေးစင် အသင်းနှစ်သင်း၏ ဒုတိယမြောက် ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက်၊ ဟောင်ကောင် စံတော်ချိန် ည(၈း၀၀)နာရီက ဟောင်ကောင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ဂိုးမရှိသရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင် ဟောင်ကောင် အသင်းအား ခံစစ်အသားပေး ကစားဟန်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီ အိမ်ရှင် ပရိသတ် တစ်သောင်းခွဲကျော် လာရောက်ကြည့် ရှု့အားပေးခဲ့သည်။ ဟောင်ကောင်အသင်းသည် အမြင့်ဘောများဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ စနစ်တကျ ခုခံကာကွယ်ထားနိုင်ခဲ့သဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းဘက်မှ ရှေ့တန်းလူ ဝင်းနိုင်ထွန်း၏ ကန်သွင်းချက်များနှင့် ဂိုးရရန် ကြိုးပမ်းချက်များကိုလည်း ဟောင်ကောင်ဂိုးသမား ကာကွယ်နှိင်ခဲ့သည်။ ပွဲအပြီးတွင် ဂိုးမရှိသရေကျခဲ့ပြီး မြန်မာအသင်း ကွင်းလယ်လူ အောင်နိုင်ဝင်းက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ […]

ဟောင်ကောင်တွင် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများ စတင်

September 19, 2022 / By Admin

ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ညပိုင်းမှ စတင်ကာ Mong Kok Stadium တွင်လေ့ကျင့်မှုများ စတင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၈ ရက်(ယမန်နေ့)က ရန်ကုန်မြို့မှ ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ပြီး ကိုဗစ်စမ်းသပ် စစ်ဆေးမှုများခံယူခဲ့သည်။ မြန်မာ အသင်းတွင် နည်းပြချုပ် အန်တွမ်နီဟေး ရွေးချယ်ခေါ်ယူထားသည့် ကစားသမား ၂၁ ဦးပါဝင်ပြီး နည်းပြ/အုပ်ချုပ်အဖွဲ အပါအဝင် စုစုပေါင်း (၃၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ဟောင်ကောင် လက်ရွေးစင် အသင်းနှင့်ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် အသင်း ပြည်တွင်းရှိ ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး ကစားသမားအသစ်များ နိုင်ငံတကာပွဲ အတွေ့အကြုံ ရရှိစေရန်နှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ကစားသမားအင်အား […]