Category: <span>Men</span>

The MFF » Men

အာရှခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် စင်ကာပူ အသင်းအား မြန်မာအသင်း အရေးနိမ့်ခဲ့

June 14, 2022 / By Admin

အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စု (F ) ပွဲစဉ်အဖြစ် ဇွန် (၁၄) ရက်က စင်ကာပူ အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စင်ကာပူ အသင်းက (၆-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေး သည် ရှေ့တန်းတွင် သန်းပိုင်အစား အောင်ကောင်းမန်ကို အသုံးပြုကာ ကာဂျစ္စတန် အသင်းအား ရင်ဆိုင်ခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမန် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း အိမ်ရှင်အသင်းအား ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ကစားကွက် […]

အာရှဖလားခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

June 3, 2022 / By Admin

ကာဂျစ္စတန်နိုင်ငံတွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ဇွန် ၃ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်းတွင် စုစုပေါင်း ကစားသမား (၂၃)ဦးကို ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင် အသင်းအား ပဏာမ ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံတွင် ဟောင်ကောင်၊ ဘာရိန်းအသင်းများနှင့်နိုင်ငံတကာ ခြေစမ်းပွဲများကစားအပြီး နောက်ဆုံးလူစာရင်းအား နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ရန် အုပ်စု(F)တွင် အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ […]

နောက်ကျဂိုး (၂) ဂိုးဖြင့် ဘာရိန်းကို မြန်မာအသင်း အ‌ရေးနိမ့်

May 27, 2022 / By Admin

အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်နေသာ ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ယနေ့ မေလ ၂၇ ရက်၊ ဒေသစံတော်ချိန် ည(၇း၀၀)နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BG Stadium တွင် ကမ္ဘာ့အဆင့် ၈၉ ရှိ ဘာရိန်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပွဲထွက်လူစာရင်းတွင် ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ စိုးမိုးကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ရှေ့တန်း – သန်းပိုင် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း ဘာရိန်းအသင်းအား […]

ဟောင်ကောင်၊ ဘာရိန်း လက်ရွေးစင် အသင်းများနှင့် ခြေစမ်းရန် မြန်မာအသင်း ထိုင်းနိုင်ငံသို့ ရောက်ရှိ

May 22, 2022 / By Admin

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် AFC Asian Cup 2023 အာရှဖလား ခြေစစ်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံတကာ ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနိုင်ငံသို့ ယနေ့မနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီး အာရှဖလား ခြေစစ်ပွဲအကြို ‌နိုင်ငံတကာ ခြေစမ်းပွဲများ အဖြစ် မေလ ၂၄ ရက်နေ့တွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် Training Match လေ့ကျင့်ခြေစမ်းပွဲ၊ မေလ ၂၇ ရက်နေ့တွင် ဘာရိန်း လက်ရွေးစင် အသင်းနှင့် ဖီဖာ (A) အဆင့် နိုင်ငံတကာ ခြေစမ်းပွဲ တို့ကို ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Alpine […]

နောက်ဆုံးပွဲတွင် သရေကျသွားသည့် မြန်မာအမျိုးသား ဖူဆယ်အသင်း

May 20, 2022 / By Admin

(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၂၀ရက်)တွင် Ha Nam Gymnasium၌ ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၄)ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ယခုပွဲသည် နှစ်သင်းစလုံးအတွက် အရေးပါခြင်းမရှိသော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ခြင်းကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။မြန်မာအသင်းသည် ဇွဲပြည့်စုံ(ဂိုး)၊မျိုးသက်ဟန်၊ငြိမ်းမင်းစိုး၊ မျိုးမြင့်စိုး၊ သိုင်းဘွဲ့အောင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် အကောင်းဆုံးပုံစံပြသနိုင်ခဲ့သောကြောင့် (၄-၀) ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို (၁၄) မိနစ်နှင့် (၁၉) မိနစ်တွင် သိုင်းဘွဲ့အောင်၊ (၁၄) မိနစ်တွင် မျိုးသက်အောင်၊ (၁၆) မိနစ်တွင် မျိုးမြင့်စိုးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မလေးရှားအသင်းက ပင်နယ်တီတစ်ဂိုးအပါအဝင် (၄) ဂိုး ပြန်လည်သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် (၄-၄) ဂိုး သရေကျသွားခြင်းဖြစ်သည်။ အခြားပွဲစဉ်ဖြစ်သည့် […]

ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃

May 13, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်ယူ-၂၃အသင်းနှင့် မြန်မာယူ-၂၃အသင်း တို့သည် ယနေ့ (မေ ၁၃ရက်) Viet Tri Stadium တွင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၁-၀ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းသည် အဖွင့်ပွဲစဉ်များတွင် အသုံးပြုခဲ့သော ကစားသမားအများစုကို ပြန်လည်အသုံးပြုခဲ့သော်လည်း ကစားကွက်အပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီး နောက်တန်း ၅ယောက်ပုံစံနှင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။ ဗီယက်နမ်အသင်းကလည်း အိမ်ရှင်ပရိသတ်ရှေ့တွင် ရလဒ်ကောင်းရရှိရေးအတွက် မြန်မာအသင်းကို ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့သည်။ သို့သော် မြန်မာအသင်း၏ ကျစ်လစ်သော နောက်တန်းကစားပုံကြောင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ထင်တိုင်းမပေါက်ခဲ့ဘဲ အနိုင်ဂိုးရရှိရန် ပွဲချိန်ပြည့်ရုန်းကန်ခဲ့ရသည်။ ယခုပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးကြီးပွဲစဉ်ဖြစ်သောကြောင့် နှစ်ဖက်အသင်းသားများအားလုံး အာရုံစူးစိုက်မှုအပြည့်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါသည်။ ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့သော်လည်း ဗီယက်နမ်နောက်တန်းကစားသမားများ၏ လူကပ်ကစားပုံကောင်းမွန်မှုကြောင့် ဂိုးရရှိမည့် အခွင့်အရေးများလက်လွတ်ခဲ့ရသည်။ […]

ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း

May 8, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်တစ်ပွဲ အဖြစ် မြန်မာယူ-၂၃အသင်းနှင့် အရှေ့တီမော ယူ-၂၃အသင်း တို့ မေ ၈ရက်က Viet Tri Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၂ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်သည် မြန်မာအသင်းအတွက် အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်သောကြောင့် စိုးမိုးကျော်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း အစရှိသည့် အမာခံကစားသမားများကိုပွဲထုတ်ခဲ့ပြီး အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ထားသည့် အရှေ့တီမောအသင်းကလည်း မြန်မာအသင်းကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့သည်။ ပထမပိုင်းပွဲစကတည်းက မြန်မာအသင်းသည် ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အမြောက်အများကို ဖန်တီးနိုင်ခဲ့ကာ ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၃၇မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၄၁မိနစ်တွင် ထက်ဖြိုးဝေတို့က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းမှ […]

ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

May 5, 2022 / By Admin

ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပ​ြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် မြန်မာ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ် ” ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တစ်နှစ်ကျော်အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျအချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” […]

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်

May 3, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့သည် မေ ၂ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပူးပေါင်းခဲ့သည်။ ယနေ့ (မေ ၃ရက်) တွင် ဗီယက်ထရွိုင်မြို့၊ Bal Bang Field လေ့ကျင့်ရေးကွင်းတွင် ပဏာမလက်ရွေးစင်ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို သက်ကျော်ကစားသမား ၇ဦး အပါအဝင် စုစုပေါင်း ပဏာမလက်ရွေးစင်ကစားသမား ၂၉ဦး ဖြင့်ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို လာမည့် မေ ၅ရက်တွင် ကြေညာသွားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် […]

Myanmar is in Group F of the AFC Asian Cup China 2023 Qualifiers final round

February 24, 2022 / By Admin

The official draw ceremony of the AFC Asian Cup China 2023 Qualifiers final round was held virtually in Kuala Lumpur, Malaysia on February 24. The qualifiers matches will be held on June in Kyrgyzstan and Myanmar is grouped together with Kyrgyzstan, Tajikistan and Singapore in Group F. Kyrgyzstan and Tajikistan are played same group in […]