MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် 100 PLUS တို့ပူးပေါင်းကျင်းပသည့် MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲအား အကယ်ဒမီ အသင်းများဖြစ်ကြသည့် မန္တလေး ဘောလုံးအကယ်ဒမီ (က)နှင့်(ခ)၊ ဇွဲကပင် ယူနိုက်တက် ဘောလုံး အသင်း အကယ်ဒမီ (က)နှင့်(ခ)၊ တပ်မတော် ဘောလုံး အကယ်ဒမီ၊ ရတနာပုံ ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီနှင့် ဧရာဝတီ ဘောလုံး အကယ်ဒမီ စသည့် အသင်း(၈)သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကစားသမား များအားလုံး […]