Category: <span>U-12 Tournament</span>

The MFF » U-12 Tournament

ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦးထွက်ပေါ်

July 20, 2023 / By Admin

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပဏာမစာရင်းတွင် ပြင်ပမှ […]

မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်

May 2, 2022 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့တွင် ၂၀၂၂/၂၃ ပညာသင်နှစ် အတွက် ကျောင်းသားသစ်များကို လာမည့် မေလ ၅ ရက်နေ့မှ စတင်ကာ ရွေးချယ်ခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြသည်။ ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာ သင်ကြားနေသူ၊ အနိမ့်ဆုံး မြို့နယ် ကျောင်းသား […]

တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ၁၂ ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

December 14, 2018 / By Admin

MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဗို လ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီက အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်မှ ၈ ရက် အထိလည်းကောင်း၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်းကောင်း ကျင်းပခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ တက်ရောက် လာခဲ့ကြသည်။ ဗိုလ်လုပွဲတွင် မကွေးအသင်းက […]

MFF U-12 Boys’ States & Regions Tournament 2018 ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပမည်

December 14, 2018 / By Admin

မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ပူးပေါင်း ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီတွင် အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပမည် ဖြစ်သည်။ အကြိုဗိုလ်လုပွဲတွင် ရှမ်း (တောင်)ကို အနိုင်ရခဲ့သည့် ဧရာဝတီအသင်းနှင့် ချင်းကို အနိုင်ရခဲ့သည့် မကွေးအသင်းတို့မှာဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ဗိုလ်စွဲသည့် အသင်းမှာ ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် ၁၅ […]

MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲ ကွာတား ပွဲစဉ်များကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက် အားပေး

December 10, 2018 / By Admin

MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံး ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတု ကွင်းတွင် ကျင်းပခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။ နံနက်ပိုင်း ပွဲစဉ်များတွင် ဧရာဝတီက ကချင်ကို ၁-၀ ဂိုး၊ ရှမ်း (တောင်)က တနင်္သာရီကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ညနေပိုင်း ပွဲစဉ်များတွင် ချင်းက ကရင်ကို ၃-၁ ဂိုး၊ မကွေးက စစ်ကိုင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ဆီမီးဖိုင်နယ် […]

MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိ

December 9, 2018 / By Admin

မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ပူပေါင်းပြီး ကျင်းပနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲမှာ ကွာတား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကွာတားအဆင့်သို့ အုပ်စု (က)မှ ဧရာဝတီနှင့် ကရင်၊ အုပ်စု (ခ)မှ ရှမ်း (တောင်)နှင့် စစ်ကိုင်း၊ အုပ်စု (ဂ)မှ ချင်းနှင့် ကချင်၊ အုပ်စု (ဃ) မကွေးနှင့် တနင်္သာရီတို့ တက်ရောက်နိုင်ခဲ့သည်။ ကွာတား ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်တွင် မြန်မာ ဘောလုံးအကယ်ဒမီ […]

MFF U-12 Boys’ States & Regions Tournament 2018 ဖွင့်ပွဲ ကျင်းပ

December 1, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၈း၀၀ နာရီက မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့ကြသည်။ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် […]

MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

December 25, 2015 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် 100 PLUS တို့ပူးပေါင်းကျင်းပသည့် MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲအား အကယ်ဒမီ အသင်းများဖြစ်ကြသည့် မန္တလေး ဘောလုံးအကယ်ဒမီ (က)နှင့်(ခ)၊ ဇွဲကပင် ယူနိုက်တက် ဘောလုံး အသင်း အကယ်ဒမီ (က)နှင့်(ခ)၊ တပ်မတော် ဘောလုံး အကယ်ဒမီ၊ ရတနာပုံ ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီနှင့် ဧရာဝတီ ဘောလုံး အကယ်ဒမီ စသည့် အသင်း(၈)သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကစားသမား များအားလုံး […]