အိမ်ကွင်းတွင် လာအိုကို သရေကျခဲ့သည့် မြန်မာအသင်း
မြန်မာ့ လက်ရွေးစင်အသင်းသည် AFF Mitsubishi Electric Cup 2022 အုပ်စု တတိယမြောက်ပွဲစဉ်အား အိမ်ကွင်းပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၄း၃၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ (၂-၂) ဂိုးသရေကျခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- ထွန်းနန္ဒဦး၊ နောက်တန်း – ဒေးဗစ်ထန်း ၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ ဟိန်းဇေယျာလင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲချိန် ပထမပိုင်း အစောပိုင်း မိနစ်များတွင် မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေး ကစားခဲ့သော်လည်း ဂိုးရရှိရေး ကြိုး စားမှုများကို လာအို […]